မိန်းမကိုယ်အနံ့ဆိုတာ ခန္ဓာကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေလိုပဲ သဘာဝအတိုင်းဖြစ်ပေါ်တဲ့ အနံ့ရှိပါတယ်။သိုပေမယ့် ပိုးဝင်တဲ့အခါ ပုံမှန်ရှိရမယ့်အနံ့မရှိတော့ပဲ ပြောင်းသွားတတ်ပါတယ်။ ဒါတင်မကသေးပါဘူး။ ရာသီစက်ဝန်း တလျှောက်၊ ကိုယ်ဝန်ဆောင်တဲ့အချိန်၊ သွေးဆုံးချိန်မှာလဲ မိန်းမကိုယ်အနံ့ဟာပြောင်းလဲတတ်ပါတယ်။👩⚕️
မိန်းမကိုယ်အနံ့ဟာ မိန်းမကိုယ်မှာရှိတဲ့ အစိုဓာတ်၊ လတ်တလော စားခဲ့တဲ့အစားအသောက်၊ သောက်နေတဲ့ဆေးဝါးများ နှင့် ကျန်းမာရေးအခြေအနေပေါ်မူတည်ပြီးပြောင်းလဲနိုင်ပါတယ်။👩⚕️
🌸မိန်းမကိုယ်အနံ့ပြင်းရတဲ့အကြောင်းအရင်းများ👩⚕️
✅ချွေးထွက်ခြင်း
✅တကိုယ်ရည် သန့်ရှင်းရေး အားနည်းခြင်း
✅ပိုးဝင်ခြင်း( Bacterial Vaginosis)
✅ပရိုတိုဇွားဝင်ခြင်း(Trichomoniasis)
✅Tamponကဲ့သို အမျိုးသမီးသုံးပစ္စည်းများကိုစွန့်ပစ်ရန်မေ့လျော့ခြင်း
✅အတွင်းပိုင်းထိ ဆေးကြောခြင်း
✅အစားအသောက်ပုံစံ
✅ဟော်မုန်းအပြောင်းအလဲများ( ရာသီလာချိန်၊ကိုယ်ဝန်ဆောင်ချိန်နှင့်သွေးဆုံးချိန်)
အထက်ပါအချက်များအပြင် သားအိမ်ခေါင်းကင်ဆာ၊ မိန်းမကိုယ်ကင်ဆာ များမှာလည်း မိန်းမကိုယ်အနံ့ပြင်းတတ်ပါတယ်။🌸
👩⚕️မိန်းမကိုယ်အနံ့ဆိုးကိုသက်သာအောင် ဘာတွေရှောင်သင့်ပါသလဲ?👩⚕️
➡️မိန်းမကိုယ်အနံ့ဆိုးထွက်တယ်ဆိုတာ တကိုယ်ရည် သန့်ရှင်းရေးအားနည်းတာကြောင့်အဖြစ်များပါတယ်။မိန်းမကိုယ်နေရာဟာ ချွေး၊ ဆဲလ်သေများ နှင့် အညစ်အကြေးများစုပုံတဲ့နေရာဖြစ်ပါတယ်။တရက်တခါ ရေပုံမှန်ချိုးခြင်း၊ မိန်းမကိုယ်နေရာကို သေချာဆေးကြောပေးခြင်းက မိန်းမကိုယ်အနံ့ ပြင်းခြင်းကို လျော့ကျစေပါတယ်။
➡️မိန်းမကိုယ်ကို အနံ့ပါတဲ့ဆပ်ပြာများ၊ ဆေးရည်များနှင့်အတွင်းပိုင်းထိ ဆေးကြောခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။မိန်းမကိုယ်ဟာ သဘာဝအလျောက် သန့်စင်နိုင်တဲ့ အစိတ်အပိုင်းဖြစ်တဲ့အတွက် အနံ့နှင့်ဓာတုပစ္စည်းပါတဲ့ ဆေးတွေဟာ မိန်းမကိုယ်ရဲ့ pH လုပ်ဆောင်ချက်ကိုထိခိုက်စေပြီး မိန်းမကိုယ်မှ အနံ့ဆိုးထွက်လာနိုင်ပါတယ်။
➡️ရာသီလာတဲ့အခါအသုံးပြုရတဲ့အမျိုးသမီးလစဉ်သုံးပစ္စည်းတွေဟာ အညစ်အကြေးတွေပြည့်နေတာဖြစ်တဲ့အတွက် ပိုးမွှားပေါက်ပွါးလွယ်ပြီး မိန်းမကိုယ်ပိုးဝင်ခြင်း ၊ အနံ့ဆိုးဖြစ်ခြင်းကိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် လစဉ်သုံးပစ္စည်းတွေကို ရာသီလာနေချိန်မှာ လေးနာရီခြားတခါလဲလှယ်ပေးသင့်ပါတယ်။
➡️မိန်းမကိုယ်နေရာဟာချွေးဂလင်းတွေရှိတဲ့အတွက်လေ့ကျင့်ခန်းလုပ်တဲ့အခါ၊ကျပ်တဲ့အဝတ်အစားတွေဝတ်တဲ့အခါ မိန်းမကိုယ်တဝိုက်ကို ချွေးထွက်စေပြီး ပူအိုက်စိုစွတ်စေတာကြောင့် အနံ့ဆိုးထွက်လွယ်ပါတယ်။ ဒါကြောင့်ကျပ်တဲ့အဝတ်အစား၊ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါ ချွေးစိုတဲ့အဝတ်တွေကို မလျှော်ပဲဝတ်ခြင်းကိုရှောင်ကြဉ်ပါ။
➡️မိန်းမကိုယ်ကနေ ပုံမှန်မဟုတ်တဲ့အနံ့ထွက်နေတာဟာ သားအိမ်ခေါင်းကင်ဆာရဲ့လက္ခဏာလဲဖြစ်နေနိုင်ပါတယ်။သားအိမ်ခေါင်းကင်ဆာကိုဖြစ်စေတဲ့ HPV ဗိုင်းရပ်စ်ပိုးဟာ လိင်မှတဆင့်ကူးစက်တဲ့အတွက် အရွယ်မတိုင်ခင် လိင်ဆက်ဆံတာ၊ အကာအကွယ်မဲ့လိင်ဆက်ဆံတာ၊ ဆက်ဆံဖော် အရေအတွက်များတာကို ရှောင်ကြဉ်ရပါမယ်။👩⚕️
👸မိန်းမကိုယ်အနံ့မပြင်းစေဖိုဘာတွေလုပ်ဆောင်သင့်ပါသလဲ?💏
➡️ဓာတုပစ္စည်းပါဝင်တဲ့ ဆပ်ပြာ၊ ဆေးရည်တွေကိုရှောင်ရပါမယ်။ မိန်းမကိုယ်အတွက်သီးသန့်ထုတ်ပေးထားတဲ့ feminine wash တွေကို အသုံးပြုပြီး ဆေးကြောသန့်စင်ပေးလိုရပါတယ်။
➡️ရာသီလာတဲ့အချိန်မှာ လစဉ်သုံးပစ္စည်းတွေကို လေးနာရီခြားတခါ လဲလှယ်ပေးသင့်ပါတယ်။
➡️ချွေးထွက်တဲ့အခါ အနံ့ဆိုးတတ်တဲ့အတွက် လေဝင်လေထွက်ကောင်းတဲ့ ချည်သားပွပွတွေ ဝတ်ဆင်လိုရပါတယ်။အိမ်မှာနေရင် အတွင်းခံကျပ်ကျပ်ဝတ်တာမျိုးရှောင်ပေးသင့်ပါတယ်။
➡️မိန်းမကိုယ် ပိုးမွှားတွေကို အားဖြည့်ပေးတဲ့အစားအစာ (ဥပမာ ဒိန်ချဉ်) တွေကို စားသုံးပေးခြင်းဖြင့် မိန်းမကိုယ်အနံ့ပြင်းခြင်း၊အနံ့ဆိုးခြင်းကို လျော့ကျစေပါတယ်။ ❤️
အမျိုးသမီး ကျန်းမာရေးနှင့် ပတ်သက်ပြီး ဆရာဝန်နှင့် ဆွေးနွေးလိုတာပဲဖြစ်ဖြစ်၊ ကျန်းမာရေးဆောင်ပါးတွေ ဖတ်ရှုနိုင်ဖိုပဲဖြစ်ဖြစ်၊ AMC Teledoc ရဲ့ ကျန်းမာရေးအစီအစဉ်တွေ အကြောင်း အသေးစိတ်သိရှိလာတာပဲ ဖြစ်ဖြစ် AMC Teledoc ရဲ့ Facebook Page ကနေ တဆင့် အချိန်မရွေးစုံစမ်းမေးမြန်းနိုင်ပါတယ်။❤️🥰