ရာသီလာစဉ်အတွင်း ဂရုစိုက်သင့်တဲ့အမျိုးသမီးကျန်းမာရေ

Women Hygiene

🗓ရာသီလာစဉ်အတွင်း ဂရုစိုက်သင့်တဲ့အမျိုးသမီးကျန်းမာရေး🩸

👩‍⚕️အမျိုးသမီးတိုင်းလစဉ်ကြုံတွေ့နေရတဲ့ ဓမ္မတာစက်ဝန်းအတွင်းမှာ မိမိကိုယ်ကို သေချာဂရုစိုက်ပေးဖိုက အမျိုးသမီးတွေအတွက် လုပ်ဆောင်သင့်တဲ့ကျန်းမာရေးပဲဖြစ်ပါတယ်။ ဓမ္မတာအကြိုဝေဒနာ ( Premenstrual syndrome)ကိုစတင်ခံစားရပြီဆိုတာနှင့်ဝမ်းဗိုက်အနည်းငယ်တင်းပြီး

➡️လေပွသလိုခံစားရခြင်း၊

➡️ရင်သားနာကျင်ခြင်း၊

➡️ခေါင်းမူးခြင်း၊

➡️ကိုယ်လက်ကိုက်ခဲခြင်း၊

➡️အစာစားချင်စိတ်ခဏခဏဖြစ်ခြင်း၊

➡️ကိုယ်အလေးချိန်တက်လာခြင်း၊

➡️ကြွက်တက်ခြင်း၊

➡️ဝက်ခြံများထွက်လာခြင်းတိုဖြစ်ပေါ်လာပါတယ်။

ဒီအချက်တွေတင်မကပါဘူးနော်အချိုအမျိုးသမီးတွေမှာ

➡️အလိုလိုစိတ်ထိခိုက်ပြီးဝမ်းနည်းနေမယ်၊

➡️စိတ်ဓာတ်ကျလာမယ်၊

➡️စိတ်အပြောင်းအလဲမြန်ပြီးဒေါသထွက်လွယ်လာမယ်၊

➡️ညဘက်တွေအိပ်မပျော်တာမျိုး၊➡️အာရုံစူးစိုက်ဖိုခက်လာတာတွေကြုံရတတ်ပါတယ်။

🗓ဓမ္မတာလာတဲ့အချိန်မှာ မိန်းမကိုယ်ကို ဘယ်လိုဆေးကြောသန့်စင်ရပါမလဲ? 👩‍⚕️       

ဓမ္မတာ လာတဲ့အချိန်မှာ အကြိုဝေဒနာတွေဟာအရေးကြီးသကဲ့သိုတကိုယ်ရည်သန့်ရှင်းရေးဟာလည်း အရေးပါတဲ့ ကဏ္ဍတရပ်ပါ။ ဓမ္မတာသွေးဟာ ဘက်တီးရီးယားပေါက်ပွါးရန် အဆင်ပြေတဲ့နေရာဖြစ်တာကြောင့် ကျန်းမာရေးဆိုင်ရာအကြံပြုသူများက မျိုးပွါးအင်္ဂါတဝိုက်ကို တရက်လျှင်နှစ်ကြိမ် (မနက်၊ည) ဆေးကြောပေးဖို အကြံပြုထားကြပါတယ်။ဒါ့အပြင် မိန်းမကိုယ်အတွင်းဝင်ရောက်နိုင်မယ့် ပိုးမွှားများကိုကာကွယ်ဖိုအတွက် ရေဖြင့် ရှေ့မှနောက်သို ဆေးကြောသန့်စင်သင့်ပါတယ်။

👩‍⚕️မိန်းမကိုယ်သန့်စင်ပစ္စည်းများနှင့်ဆေးကြောသန့်စင်သင့်ပါသလား။🧼🧴       

မိန်းမကိုယ်ဆိုတာ သဘာဝ အတိုင်း ကိုယ့်ဘာသာ သန့်စင်တဲ့ အင်္ဂါအစိတ်အပိုင်းဖြစ်ပါတယ်။မိန်းမကိုယ်မှာရှိတဲ့ အကျိုးပြု ဘက်တီး ရီးယားလေးတွေဟာ ဆပ်ပြာ ၊ ဓာတုပစ္စည်းပါဝင်တဲ့ သန့်စင်ဆေးရည်တွေနှင့် ထိတွေ့တဲ့အခါ ပျက်စီးသွားတတ်ပါတယ်။အကျိုးပြုဘက်တီးရီးယားလေးတွေဆိုတာ မိန်းမကိုယ်ထဲကို ပြင်ပမှ ပိုးမွှားများမဝင်လာစေရန် တားဆီးပေးထားတဲ့ အရာတွေဖြစ်ပါတယ်။👩‍⚕️

👩‍⚕️အမျိုးသမီး လစဉ်သုံးပစ္စည်းတွေကိုမကြာခဏလဲပေးသင့်ပါသလား။ 🩸       

အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကိုရွေးချယ်တဲ့အခါ သွေးဆင်းမှု ပမာဏပေါ်လိုက်ပြီး ဝယ်ယူသင့်ပါတယ်။ဘက်တီးရီးယားမပေါက်ပွါးစေရေးအတွက် သေချာဂရုစိုက်လဲလှယ်ပေးသင့်ပါတယ်။ဂွမ်းထုပ်ကိုအသုံးပြုခဲ့ရင် လေးနာရီခြားတခါ လဲ လှယ်သင့်ပြီး tampon အတွက်ဆိုရင်တော့ ၄နာရီမှ ၈နာရီခြား တခါလဲလှယ်ပေးသင့်ပါတယ်။menstrual cup အသုံးပြုသူများကတော့ ၁၂နာရီတခါ လဲလှယ်ပေးသင့်ပြီး ခြောက်သွေ့တဲ့နေရာမှာ သေချာသိမ်းဆည်းသင့်ပါတယ်။👩‍⚕️

👩‍⚕️အနံ့ပျောက်အောင် အနံ့ထိန်းပစ္စည်းများနှင့်ကာကွယ်ခြင်းက စိတ်ချရပါသလား👩‍⚕️

👩‍⚕️ အမျိုးသမီးများအသုံးပြုလေ့ရှိတဲ့ အနံ့ထိန်းပစ္စည်းများ၊ စပရေး များဟာ မိန်းမကိုယ်ရောင်ရမ်းခြင်းကိုဖြစ်စေနိုင်ပါတယ်။ မိန်းမကိုယ်ရောင်ရမ်းတဲ့အခါ နီရဲခြင်း၊ ယားယံခြင်း၊ ပုံမှန်မဟုတ်သော အရည်များဆင်းခြင်းတိုကို ခံစားရတတ်ပါတယ်။ အနံ့ထိန်းပစ္စည်းများအစား ဓာတုပစ္စည်းမပါဝင်တဲ့ တစ်သျှူးအစိုလိုမျိုး သိုမဟုတ် ရေဖြင့်သေချာဆေးကြောပေးရပါမယ်။👩‍⚕️

👩‍⚕️ဓမ္မတာလာချိန်မှာ ဘယ်လိုအဝတ်အစားမျိုးကို ရွေးချယ်သင့်ပါသလဲ?👚        

🩸ဓမ္မတာလာချိန်မှာ ပေါ့ပေါ့ပါးပါးဖြစ်စေပြီး သက်တောင့်သက်သာရှိတဲ့အဝတ်အစားမျိုးကို ရွေးချယ်သင့်ပါတယ်။ တင်းကျပ်တဲ့အဝတ်အစားတွေဟာ ချွေးပိုထွက်စေပြီး ဘက်တီးရီးယားပိုပေါက်ပွါးစေပါတယ်။ ဒါကြောင့် လေဝင်လေထွက်ကောင်းတဲ့ချည်သားတွေကို ရွေးချယ် ဝတ်ဆင်သင့်ပါတယ်။ 👚

👩‍⚕️အမျိုးသမီး ကျန်းမာရေးနှင့် ပတ်သက်ပြီး မေးမြန်းချင်လိုပဲဖြစ်ဖြစ်၊ ကျန်းမာရေးစောင့်ရှောက်မှု မန်ဘာအစီအစဥ်နဲ့ AMC TeleDocရဲ့ ဝန်ဆောင်မှုများအကြောင်းကို အသေးစိတ်သိရှိလိုပါက AMC TeleDoc Facebook Page ကနေတဆင့်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။❤️ 

 Share with

Related posts

More in “Health tips

ရာသီလာစဉ်အတွင်း ဂရုစိုက်သင့်တဲ့အမျိုးသမီးကျန်းမာရေ

🗓ရာသီလာစဉ်အတွင်း ဂရုစိုက်သင့်တဲ့အမျိုးသမီးကျန်းမာရေး🩸 👩‍⚕️အမျိုးသမီးတိုင်းလစဉ်ကြုံတွေ့နေရတဲ့ ဓမ္မတာစက်ဝန်းအတွင်းမှာ မိမိကိုယ်ကို သေချာဂရုစိုက်ပေးဖိုက အမျိုးသမီးတွေအတွက် လုပ်ဆောင်သင့်တဲ့ကျန်းမာရေးပဲဖြစ်ပါတယ်။

လည်ချောင်းနာခြင်းအကြောင်း

😷လည်ချောင်းနာခြင်းအကြောင်း 😷 🤔 လည်ချောင်းနာတယ်ဆိုတာ ဘာလည်း?🤔 လည်ချောင်းနာတယ်ဆိုတာ လည်ချောင်းတွင်းမှာ ယားမယ်

အဆုတ်ကင်ဆာရောဂါ

🫁Lung Cancer(အဆုတ်ကင်ဆာရောဂါ)🫁 အဆုတ်ကင်ဆာ ရောဂါ ဆိုတာ တကမ္ဘာလုံးမှာအဖြစ်အများဆုံးကင်ဆာတွေမှာ ဒုတိယအနေနဲ့လိုက်ပါတယ်။ဆေးလိပ်သောက်ခြင်းကအဆုတ်ကင်ဆာကို အဓိကဖြစ်စေတဲ့အကြောင်းအရင်းဖြစ်ပေမယ့်

ပိုးသတ်ဆေးယဉ်ပါးခြင်းအန္တရယ်

💊 ပိုးသတ်ဆေးယဉ်ပါးခြင်းအန္တာရယ်💊 💊 ပိုးသတ်ဆေးဆိုတာဘာလည်း? ဆေးယဉ်ပါးခြင်းဆိုတာဘာလည်း?🛡 💊 ပိုးသတ်ဆေးဆိုတာ လူ့ခန္ဓာကိုယ်ထဲကိုဝင်လာတဲ့