👩⚕️အမျိုးသမီးများနှင့်သားအိမ်ခေါင်းကင်ဆာ👩⚕️
သားအိမ်ခေါင်းဆိုတာ မိန်းမကိုယ်လမ်းကြောင်းနှင့်သားအိမ်အောက်ပိုင်းကိုဆက်ပေးတဲ့နေရာကိုဆိုလိုပါတယ်။သားအိမ်ခေါင်းမှာဖြစ်ပွါးတဲ့သားအိမ်ခေါင်းကင်ဆာရောဂါဟာ Human Papillomavirus(HPV) ကြောင့်ဖြစ်တာပါ။ HPV ပိုးဝင်ရောက်လာတဲ့အခါ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က ရောဂါပိုးကိုစတင်တိုက်ထုတ်ပါတယ်။အချို့သောသူတွေမှာတော့ နှစ်ပေါင်းများစွာကြာအောင် အသက်ရှင်နေတတ်ပြီး ပုံမှန်သားအိမ်ခေါင်း cellတွေကနေ ကင်ဆာ cell တွေအဖြစ်ကိုပြောင်းသွားတတ်ပါတယ်။👩⚕️
❗️ရောဂါလက္ခဏာများ❗️
အစောပိုင်းအဆင့်မှာ ရောဂါလက္ခဏာပြတာမျိုး သိပ်မရှိတတ်ပါဘူး။
👩⚕️နောက်ပိုင်းအဆင့်တွေရောက်လာရင်တော့အောက်ပါလက္ခဏာတွေ စပြလာတတ်ပါတယ်။👩⚕️
1. မိန်းမကိုယ်မှ ပုံမှန်အနံ့မဟုတ်တဲ့ အရည်များဆင်းခြင်း
2. ရာသီတခုနှင့်တခုကြား ၊ လိင်ဆက်ဆံပြီး ၊ သွေးဆုံးပြီးတဲ့အခါ သွေးဆင်းခြင်း
3. တင်ပဆုံတဝိုက် နာကျင်ခြင်း သို့မဟုတ် လိင်ဆက်ဆံနေစဉ်နာကျင်ခြင်း
💁♀️ သားအိမ်ခေါင်းကင်ဆာဖြစ်နှုန်းကိုမြင့်စေတဲ့အကြောင်းအရင်းများ 💁♀️
🔴 ဆက်ဆံဖော်ပါတနာများခြင်း
🔴 အသက်အရွယ်အစောပိုင်းမှာ လိင်ဆက်ဆံမှုရှိခြင်း
🔴 Chlamydia, gonorrhoea , syphilis နှင့် HIV/AIDS ကဲ့သို့ လိင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါများဖြစ်ပွါးခြင်း
🔴 ကိုယ်ခံအားစနစ်မကောင်းခြင်း ၊ မကြာခဏဖျားလွယ်ခြင်း
🔴 ဆေးလိပ်သောက်ခြင်း
သားအိမ်ခေါင်းကင်ဆာမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ? 💁♀️
🔴 ကာကွယ်ဆေးထိုးပါ
HPV vaccine လို့ခေါ်တဲ့ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ကိုထိုးထားခြင်းက သားအိမ်ခေါင်းကင်ဆာအပြင် HPVကြောင့်ဖြစ်တတ်တဲ့အခြား ရောဂါတွေကိုလည်းတားဆီးပေးပါတယ်။👩⚕️
🔴 Pap test ကိုပုံမှန်စစ်ဆေးပါ
သားအိမ်ခေါင်းချွဲမြှေးစစ်ဆေးခြင်း သို့မဟုတ် Pap smear test ကိုပုံမှန်စစ်ဆေးခြင်းက ကင်ဆာအကြို အဆင့်တွေကို ကြိုတင်သိရှိနိုင်ခြင်း ၊ ကင်ဆာရောဂါကုသမှုခံယူနေစဉ် ရောဂါအခြေအနေ ကိုသိရှိနိုင်ခြင်းတို့ကြောင့် ပုံမှန်စစ်ဆေးပေးဖို့လိုပါတယ်။👩⚕️
သုတေသန စာတမ်းများက အသက် 21 အရွယ်မှ စ၍ သုံးနှစ်တခါ ငါးနှစ်တခါ စစ်ဆေး ပေးဖို့ အကြံပြုထားပါတယ်။
🔴 အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံမှုဖြစ်ပါစေ
🔴 ဆက်ဆံတိုင်းအကာအကွယ် အသုံးပြုပါ။
🔴 ဆက်ဆံဖော် ပါတနာ အရေအတွက်ကို လျှော့ချပါ။
🔴 ဆေးလိပ်သောက်ခြင်းကိုရပ်တန့်ပါ။
အထက်ပါသားအိမ်ခေါင်းကင်ဆာ ရောဂါလက္ခဏာများကို သင်သတိပြုမိပါက ကျွမ်းကျင်တဲ့ဆရာဝန်များနှင့်တိုင်ပင်ပြီး ကုသမှုကို ခံယူပါ။ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးခြင်းကို လည်းငယ်ရွယ်စဉ်မှာ ခံယူသင့်ပါတယ်။👩⚕️
သားအိမ်ခေါင်းကင်ဆာနဲ့ ပတ်သက်ပြီး ဆရာဝန်နဲ့ ဆွေးနွေးမေးမြန်းချင်လိုပဲဖြစ်ဖြစ်၊ ကျန်းမာရေးစောင့်ရှောက်မှု မန်ဘာအစီအစဥ်နဲ့ AMC TeleDocရဲ့ ဝန်ဆောင်မှုများအကြောင်းကို အသေးစိတ်သိရှိလိုပါက AMC TeleDoc Facebook Page ကနေတဆင့်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။❤️