ဝမ်းပျက်ဝမ်းလျှောခြင်:

Diarrhea

🚽 ဝမ်းပျက်ဝမ်းလျှောခြင်းအကြောင်း🚽

➡️ ဝမ်းပျက်ဝမ်းလျှောတယ်ဆိုတာ ဘယ်လိုအခြေအနေမျိူးကိုခေါ်တာလည်း?

➡️ ပုံမှန်ဝမ်းနဲ့ ဝမ်းပျက်ဝမ်းလျှောတာဘာကွာလည်း?

👩‍⚕️ဝမ်းပျက်ဝမ်းလျှောတယ်ဆိုတာပုံမှန်ဝမ်းလို သဘာဝအတိုင်းမဟုတ်ပဲ အကြိမ်ရေများများဝမ်းအရည်ပဲသွားတာ အရည်တစ်ဝက်အဖတ်တစ်ဝက်သွားတာမျိူး ပြီးတော့ တခြားလက္ခဏာတွေဖြစ်တဲ့ အန်ခြင်း ဗိုက်နာခြင်း ဖျားခြင်းစတာတွေနဲ့ အတူတူဖြစ်တတ်ပါတယ်။

➡️ ဝမ်းပျက်ဝမ်းလျှောခြင်းဘယ်လိုအချိန်တွေမှာ ဖြစ်တတ်ပါလည်း?

ကိုယ်စားနေကျအစား မဟုတ်တာစားမိခြင်း ရက်လွန်အစားအစာ မသန့်ရှင်းသောအစာ ရေ စားမိသောက်မိခြင်း အစာမကြေခြင်း အစာအိမ်နှင့်အူလမ်းကြောင်း ပိုးဝင်ခြင်း စတာတွေကြောင့်ဖြစ်တတ်ပါတယ် 👩‍⚕️

➡️ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် ဘာတွေသောက်ရမလည်း? ဝမ်းပိတ်ဆေးသောက်ရမလား?

👩‍⚕️ဝမ်းပိတ်ဆေးဆိုတာ ဝမ်းထပ်မသွားအောင်လုပ်ပေးတဲ့ဆေးပါ ဝမ်းလျှောတယ်ဆိုတာ အစာအိမ်နဲ့အူလမ်းကြောင်းမှာပိုးဝင်လို့ ဖြစ်တာပါ ဆိုတော့ ဝမိးပိတ်ဆေးသောက်ရင် အဆိုပါပိုးတွေဟာ အူလမ်းကြောင်းမှာပဲကျန်နေပြီး လူ့ခန္ဓာကိုယ်ကိုပို ဒုက္ခ ရောက်နိုင်စေပါတယ် ဒါကြောင့်ဝမ်းပျက်တာနဲ့ ဝမ်းပိတ်ဆေးမသောက်သင့်ပါဘူး။ အဓိကလုပ်ရမှာက ရေဓာတ်ဖြည့်တင်းခြင်းပါ ဓာတ်ဆားရည်ကို ဝမ်းသွားရင်သွားသလောက်ပြန်ဖြည့်တင်းသောက်သုံးပေးပါ။ တဖြည်းဖြည်းချင်းစီ ဝမ်းသွားတာသက်သာလာပါမယ် အကယ်၍မသက်သာပါက နီးစပ်ရာ ဆရာဝန်နှင့်တိုင်ပင်ပါ 👩‍⚕️

👶 ကလေးငယ်တွေမှာ ဝမ်းပျက်ဝမ်းလျှောခြင်းက လူကြီးတွေထက်ပိုပြင်းထန်နိုင်ပါတယ်။ ရေဓာတ်ခန်းခြောက်တဲ့ လက္ခဏာတွေကို သတိထားကြည့်ရပါမယ် ဘာတွေလည်းဆိုတော့ ကလေးက မှိန်းလာတယ် ရေမဝင်တော့ဘူး အသားအရည်တွေ ခြောက်လာတယ် မျက်လုံးချိူင့်ဝင်လာတယ် ဆိုနီးစပ်ရာကျန်းမာရေးစင်တာကိုသွားရပါမယ် 🏥 အကယ်၍ ဓာတ်ဆားရည် အစားဝင်သေးတယ်ဆို စိုးရိမ်စရာမရှိပါ အရည်များများဝင်နိုင်သလောက်နည်းနည်းချင်းစီ တိုက်ပေးပါ။ ဝမ်းပျက်ဝမ်းလျှောတာမသက်သာဘူး ဖျားလည်းလာတယ်ဆို နီးစပ်ရာ ကျန်းမာရေးစင်တာ ဒါမှမဟုတ် နီးစပ်ရာ ဆရာဝန်နှင့် ကုသမှု့ခံယူပါ 👩‍⚕️🏥

ဝမ်းပျက်ဝမ်းလျောတာနှင့် ပတ်သက်ပြီး ဆရာဝန်နဲ့ ဆွေးနွေးမေးမြန်းချင်လိုပဲဖြစ်ဖြစ်၊ ကျန်းမာရေးစောင့်ရှောက်မှု မန်ဘာအစီအစဥ်နဲ့ AMC TeleDocရဲ့ ဝန်ဆောင်မှုများအကြောင်းကို အသေးစိတ်သိရှိလိုပါက AMC TeleDoc Facebook Page ကနေတဆင့်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။❤️ 

 Share with

Related posts

More in “Health tips

ရာသီလာစဉ်အတွင်း ဂရုစိုက်သင့်တဲ့အမျိုးသမီးကျန်းမာရေ

🗓ရာသီလာစဉ်အတွင်း ဂရုစိုက်သင့်တဲ့အမျိုးသမီးကျန်းမာရေး🩸 👩‍⚕️အမျိုးသမီးတိုင်းလစဉ်ကြုံတွေ့နေရတဲ့ ဓမ္မတာစက်ဝန်းအတွင်းမှာ မိမိကိုယ်ကို သေချာဂရုစိုက်ပေးဖိုက အမျိုးသမီးတွေအတွက် လုပ်ဆောင်သင့်တဲ့ကျန်းမာရေးပဲဖြစ်ပါတယ်။

လည်ချောင်းနာခြင်းအကြောင်း

😷လည်ချောင်းနာခြင်းအကြောင်း 😷 🤔 လည်ချောင်းနာတယ်ဆိုတာ ဘာလည်း?🤔 လည်ချောင်းနာတယ်ဆိုတာ လည်ချောင်းတွင်းမှာ ယားမယ်

အဆုတ်ကင်ဆာရောဂါ

🫁Lung Cancer(အဆုတ်ကင်ဆာရောဂါ)🫁 အဆုတ်ကင်ဆာ ရောဂါ ဆိုတာ တကမ္ဘာလုံးမှာအဖြစ်အများဆုံးကင်ဆာတွေမှာ ဒုတိယအနေနဲ့လိုက်ပါတယ်။ဆေးလိပ်သောက်ခြင်းကအဆုတ်ကင်ဆာကို အဓိကဖြစ်စေတဲ့အကြောင်းအရင်းဖြစ်ပေမယ့်

ပိုးသတ်ဆေးယဉ်ပါးခြင်းအန္တရယ်

💊 ပိုးသတ်ဆေးယဉ်ပါးခြင်းအန္တာရယ်💊 💊 ပိုးသတ်ဆေးဆိုတာဘာလည်း? ဆေးယဉ်ပါးခြင်းဆိုတာဘာလည်း?🛡 💊 ပိုးသတ်ဆေးဆိုတာ လူ့ခန္ဓာကိုယ်ထဲကိုဝင်လာတဲ့