🤒 မိမိကိုယ် မိမိ ဖျားပြီဆိုတာနဲ့ လူအများစုက ငါတော့ ရေချိူးမှားလို့ဖျားတာ ငါတော့ လေစိမ်းအတိုက်ခံရလို့ဖျားတာ ငါတော့ညဘက် air con ထဲမှာအနေကြာသွားလို့ဖျားတာ ဆိုပြီး အရင်တွေးတတ်ကြပါတယ်။ ဖျားရင်ရေချိူးလို့မရဘူး ဆိုတာမျိူးလည်း အများစုတွေးကြပါတယ် ( ကိုဗစ်ဖြစ်လို့ရေ ၃ ပတ်မချိူးတဲ့သူတွေလည်း အများကြီးပါ )
✅ တကယ်တော့ စဖျားပြီ အဖျားကြီးလာပြီဆိုရင် အရင်ဦးဆုံး ရေပတ်တိုက်ပေးပါ။ ( နဖူးပေါ်ပဲ အဝတ်စိုတင်တာထက် ချိူင်း ပေါင်ကိုပါ အဖျားကျ အောင် တိုက်ပေးဖို့လိုပါတယ် ) ရေအမြန်ချိုးချခြင်းက လည်း အဖျားမြန်မြန်ကျစေပါတယ်။
✅ ကလေးငယ်တွေ အဖျားကြီးပြီဆို ဖြစ်လာနိုင်တာက တက် တက်ပါတယ် . အဲတော့ ကလေးငယ်တွေ အဖျားကြီးပြီဆို ရေကို ခေါင်းပေါ်က အမြန်လောင်းပေးပါ ပြီးလျှင် ချက်ချင်း အဝတ်ပါးပါးလဲပါ အပူချက်ချင်းကျနိုင်ဖို့လိုပါတယ် ပြီးမှဆေးတိုက်ဖို့လုပ်ပါ ။
💡 ဖျားတယ်ဆိုတဲ့သဘောက သင့်ကိုယ်ထဲက ခုခံမှု့စနစ်နဲ့ သင့်ကိုယ်ထဲဝင်လာတဲ့ ရောဂါပိုးမွှား တို့ တိုက်ခိုက်လို့ထွက်လာတဲ့ လက္ခဏာတစ်ခုပါ။
ဒါကြောင့် ဖျားပြီဆိုတာနဲ့ ဘာကြောင့်ဖျားတာလည်းဆိုတာ အမြန်ဖော်ထုတ်နိုင်မှ အဖျားကျမှာပါ ။ဘယ်လိုဖော်ထုတ်နိုင်သလဲဆိုတော့ မိမိဖျားပြီဆို ဘယ်နေ့ကစဖျားတယ် အဖျားဘယ်လောက်ထိတက်တယ် ဘယ်လိုအချိန်တွေဆို ဖျားလာတတ်တယ် ( ဥပမာ မနက် နေ့လည် ည) တခြားဘာလက္ခဏာ တွေကို ပါခံစားရတယ်ဆိုတာကိုပါ မှတ်ထားဖို့လိုပါတယ်။ ထိုမှသာ ဖျားတာဖြစ်စေတဲ့ အကြောင်းကို အမြန်ဖော်ထုတ်ပြီး အမြန်ဆုံးကုသမှု့ပေးနိုင်မှာဖြစ်ပါတယ် ။
🔬 ရောဂါပိုးမွှားကြောင့် မဖျားအောင် ဘယ်လိုကာကွယ်နိုင်မလည်း?
💪🏻 အဓိက က တော့ မိမိ ကိုယ်တွင်းခုခံမှု့စနစ်ကို အကောင်းဆုံးဖြစ်အောင်ထား ထားရပါမယ် ။
– ပုံမှန်အစားစားခြင်း
– အိပ်ရေး၀အောင်အိပ်စက်ခြင်း
– ကိုယ်လက်လှုပ်ရှားမှု့ ပုံမှန်ပြုလုပ်ပေးခြင်း
– ဆေးလိပ် အရက် ရှောင်ပေးခြင်း ( မရှောင်နိုင်လျှင် ဖြည်းဖြည်းလျှော့ ပြီး ဖြတ်ဖို့ကြိုးစား ) စတဲ့နည်းတွေနဲ့ ကိုယ်တွင်းခုခံမှု့စနစ်ကို ကောင်းအောင် လုပ်နိုင်ပါတယ် ။
🦠 ဒါပေမယ့် တချို့နာတာရှည်ရောဂါ ( ဥပမာ ကင်ဆာ နှင့် AIDS ) တွေမှာတော့ အဖျားတာရှည်တာ အဖျားပျောက်လိုက် တက်လိုက် ကျလိုက် ဖြစ်တာတွေရှိပါတယ်။ ထိုရောဂါတွေမှာ များသောအားဖြင့် ဖျားတာအပြင် အခြားသော လက္ခဏာများလည်း ရှိတတ်ကြပါတယ် ( ဥပမာ အဖုအကြိတ် စမ်းမိခြင်း အဆိုပါအဖုအကြိတ် ကြီးထွားမှု့ မြန်ဆန်ခြင်း ) စတဲ့လက္ခဏာတွေရှိခဲ့ရင် နီးစပ်ရာ ဆေးရုံဆေးခန်းနဲ့ တတ်ကျွမ်းတဲ့ ဆရာဝန်တွေစီမှာ အမြန်ကုသမှု့ခံယူဖို့လိုပါတယ် ။
💉 နောက်ဆုံးတခုကတော့ ကာကွယ်ဆေးထိုးပြီးဖျားခြင်းပါ ။ မိမိခုခံမှု့စနစ်က ထိုးလိုက်တဲ့ ကာကွယ်ဆေးထဲက ပိုးကို ( ကာကွယ်ဆေးဆိုတာ တနည်းအားဖြင့် ရောဂါပိုးကို အန္တရာယ် မဖြစ်အောင် ဖန်တီးပြီး ကိုယ်ခန္ဓာထဲထိုးပေးတာပါ ) နောက်ဝင်လာရင် အမြန်တိုက်ခိုက်နိုင်အောင် လေ့ကျင့်ပေးတဲ့သဘောပါ ။ Antibodies ထွက်တယ်ဆိုတာ အဆိုပါကိုယ်ခန္ဓာ ခုခံမှု့စနစ်ကလေ့ကျင့်ခန်းဆင်း ပြီးထွက်လာတဲ့ ခုခံမှု့ result ဖြစ်ပါတယ် ။ အဲတော့ ကာကွယ်ဆေးထိုးပြီးဖျားလာတာကြောက်စရာမဟုတ်ပါ မဖျားအောင် ဆေးကြိုသောက်စရာလည်းမလိုပါ အဖျားအရမ်းကြီးလာ မခံနိုင်မှသာဆေးသောက်ဖို့လိုပါတယ် ပုံမှန်ဆေးသောက်ထားစရာမလိုပါ ။
ရာသီတုပ်ကွေးနှင့် ပတ်သက်ပြီး ဆရာဝန်နဲ့ ဆွေးနွေးမေးမြန်းချင်လိုပဲဖြစ်ဖြစ်၊ ကျန်းမာရေးစောင့်ရှောက်မှု မန်ဘာအစီအစဥ်နဲ့ AMC TeleDocရဲ့ ဝန်ဆောင်မှုများအကြောင်းကို အသေးစိတ်သိရှိလိုပါက AMC TeleDoc Facebook Page ကနေတဆင့်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။❤️