ဆီးလမ်းကြောင်းပိုးဝင်ခြင်း(Urinary Tract Infection)

UTI

ဆီးလမ်းကြောင်းပိုးဝင်ခြင်း(Urinary Tract Infection)

ဆီးလမ်းကြောင်းပိုးဝင်တယ်ဆိုတာလူ့ခန္ဓာကိုယ်မှာ ရှိတဲ့ ကျောက်ကပ် ၊ ဆီးပြွန်များ ၊ဆီးအိတ် နှင့် ဆီးစွန့်ပစ်ပြွန် တို့မှာ ဘက်တီးရီးယားပိုး ပေါက်ဖွားတဲ့အခါဖြစ်တဲ့ရောဂါဖြစ်ပါတယ်။အပေါ်ပိုင်းနှင့် အောက်ပိုင်း ဆီးလမ်းကြောင်းပိုးဝင်ခြင်းဆိုပြီးနှစ်မျိုးရှိပေမယ့် အများအားဖြင့် အောက်ပိုင်းနှင့်သက်ဆိုင်တဲ့ဆီးအိတ်နှင့် ဆီးစွန့်ပစ်ပြွန်ရောင်ရမ်းခြင်း ရောဂါတွေအဖြစ်များလေ့ရှိပါတယ်။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဆီးလမ်းကြောင်း အတိုင်းအတာပိုတို တဲ့အတွက် ပိုးဝင်လွယ်တတ်ပါတယ်။ဆီးအိတ် နေရာမှာ ပိုးဝင် ရောင်ရမ်းတာမျိုးဖြစ်ရင် နာကျင်တာ ကိုပဲခံစားရပေမယ့် အပေါ်ပိုင်း ဖြစ်တဲ့ ကျောက်ကပ်ဘက်ကို ရောက်သွား အခါ မှာတော့ အန္တရာယ်ရှိနိုင်ပါတယ်။👩‍⚕️

❗️ဆီးပိုးဝင်ခြင်းရဲ့ရောဂါလက္ခဏာများ❗️

🔴 ဆီးမကြာခဏသွားချင်တာ

🔴 ဆီးသွားစဉ် ပူပြီး နာတာ၊ ကျဉ်တာ

🔴 ဆီးသွားချင်စိတ်ရှိပေမယ့် နည်းနည်းပဲသွားတာ

🔴 ဆီးအနည် ပါလာတာ

🔴 ဆီးထဲ သွေး ပါလာတာ

🔴 အနံ့ကပုံမှန်ထက်ပြင်းတာ

🔴 ခါးနာ ခါးကိုက် ဖြစ်ပြီး တင်ပါးရိုးတဝိုက်အောင့်တာ မျိုးတွေဖြစ်တတ်ပါတယ်။

❗️ဆီးပိုးဝင်ရတဲ့အကြောင်းအရင်းများ❗️

🔴ဆီးအိတ် ရောင်ရမ်းခြင်း(cystitis)

Bladder လို့ခေါ်တဲ့ ဆီးအိတ်ရောင်ခြင်းမှာ အစာအိမ်အူလမ်းကြောင်း တလျှောက် မှာ တွေ ့ရတတ်တဲ့ Escherichia coli (Ecoli) ကြောင့် အဖြစ်များပေမယ့် အခြား ဘက်တီးရီးယားပိုးတွေလည်းရှိနိုင်ပါတယ်။💁‍♀️

🔴 ဆီးစွန့်ပစ်ပြွန်ရောင်ခြင်း( urethritis)

အမျိုးသမီးတွေရဲ့ ခန္ဓာဗေဒ အရ ဆီးသွားတဲ့ နေရာနှင့် စအို ရဲ့ နေရာကနီးတာရယ် ၊ နောက်တချက်က ဆီးအိတ်နှင့် ဆီးစွန့်ပစ်ပြွန် အဝက လမ်းကြောင်းတိုတာရယ်ကြောင့် ဖြစ်ဖို့ရာခိုင်နှုန်းပိုများတဲ့အတွက် အမျိုးသမီးများနှင့်သက်ဆိုင်တဲ့ရောဂါတွေကိုပိုတွေ့ရပါလိမ့်မယ်။ မိန်းမကိုယ်နှင့်လည်း နီးတဲ့အတွက် herpes, gonorrhea,, chlamydia နှင့် mycoplasma ကဲ့သို့ လိင်မှတဆင့်ကူးစက်တဲ့ ရောဂါတွေကြောင့်လည်း ရောင်ရမ်းတာမျိုးဖြစ်တတ်ပါတယ်။👩‍⚕️

❗️အခြားအကြောင်းအရာများကြောင့်လည်း ဆီးပိုးဝင်တာဖြစ်တတ်ပါတယ်။❗️

🔴 Sexual activity များတဲ့ အမျိုးသမီးတွေမှာ တယောက်ထက်ပိုတဲ့ ပါတနာ အမျိုးသားတွေ ရှိတတ်တဲ့အတွက် ဆီးပိုးဝင်နိုင်ခြေများပါတယ်။

🔴 Diaphragm လို့ခေါ်တဲ့ အမျိုးသမီး သားဆက်ခြားနည်း ပစ္စည်းကိုအသုံးပြုတဲ့အမျိုးသမီးတွေဟာ လည်း ဆီးပိုးဝင် တတ်ကြပါတယ်။

🔴 သွေးဆုံးပြီးတဲ့အခါ အီစထရိုဂျင် ဟော်မုန်း နည်းသွားတဲ့အတွက် ဆီးလမ်းကြောင်းမှာ အပြောင်းအလဲတွေဖြစ်လာပြီး ပိုးဝင်နိုင်ခြေကို မြင့်တက်စေပါတယ်။

🔴 ဆီးလမ်းကြောင်းမူမမှန်တဲ့ ကလေးတွေမှာ အပြင်ကိုဆီးမစွန့်ထုတ်နိုင်တဲ့အတွက်ဆီးစွန့်ပစ်ပြွန်မှာ ဆီးကျန်တာကြောင့် ပိုးဝင်နိုင်ပါတယ်။

🔴 ဆီးကျောက်တည်တာ ၊ ဆီးကြိတ်ကြီးလာတာကြောင့် ဆီးအိတ်ထဲ ဆီးကျန်ပြီး ဘက်တီးရီးယားပိုးတွေ ပေါက်လာတတ်ပါတယ်။

🔴 ကိုယ်ခံအားကျစေတဲ့ ဆီးချိုရောဂါနှင့် အခြားရောဂါများကြောင့် လည်း ဆီးပိုးဝင်တာမျိုးဖြစ်နိုင်ပါတယ်။

❗️ဆီးပိုးမဝင်အောင် ဘယ်လိုကာကွယ်ရမလဲ? ❗️

➡️ အဓိကအားဖြင့် ရေများများသောက်ပါ။ရေသောက်များရင် ဆီးခဏခဏ သွားတဲ့အတွက် ပိုးပေါက် နိုင်ခြေနည်းပါတယ်။

➡️ အိမ်သာသွားပြီးတိုင်း ရှေ့မှ နောက်သို့ သန့်ရှင်းပြုလုပ်ပါ။ စအိုနှင့် မိန်းမကိုယ်၊ ဆီးစွန့်ပစ်ပြွန်တို့ဟာ နီးတဲ့အတွက် ဘက်တီးရီးယားတွေ အလွယ်တကူဝင်ရောက်နိုင်တာကြောင့်ပါ။

➡️ အမျိုးသမီးသန့်စင်သုံးဆေးရည်အသုံးပြုခြင်းကိုလည်း ရှောင်သင့်ပါတယ်။

➡️ Diaphragm အသုံးပြုနေသူတွေ က အခြား သားဆက်ခြားနည်းကို ပြောင်းလဲအသုံးပြုသင့်ပါတယ်။

အကယ်၍ဆီးပိုးဝင်တဲ့ ရောဂါ လက္ခဏာတွေပေါ်လာပါက ကျွမ်းကျင်သော ဆရာဝန်များနှင့် တိုင်ပင်ပြီး ကုသမှုကို ခံယူသင့်ပါတယ်👩‍⚕️

ဆီးလမ်းကြောင်းဆိုင်ရာရောဂါများအကြောင်း ဆရာဝန်နှင့် ဆွေးနွေးချင်လို့ပဲ ဖြစ်ဖြစ်၊ AMC Teledoc ရဲ့ ကျန်းမာရေးအစီအစဉ်များကို သိရှိချင်လို့ပဲဖြစ်ဖြစ် AMC Teledocရဲ့ Facebook Page Messenger ကနေ အချိန်မရွေးစုံစမ်းမေးမြန်းနိုင်ပါတယ်။

 Share with

Related posts

More in “Health tips

ရာသီလာစဉ်အတွင်း ဂရုစိုက်သင့်တဲ့အမျိုးသမီးကျန်းမာရေ

🗓ရာသီလာစဉ်အတွင်း ဂရုစိုက်သင့်တဲ့အမျိုးသမီးကျန်းမာရေး🩸 👩‍⚕️အမျိုးသမီးတိုင်းလစဉ်ကြုံတွေ့နေရတဲ့ ဓမ္မတာစက်ဝန်းအတွင်းမှာ မိမိကိုယ်ကို သေချာဂရုစိုက်ပေးဖိုက အမျိုးသမီးတွေအတွက် လုပ်ဆောင်သင့်တဲ့ကျန်းမာရေးပဲဖြစ်ပါတယ်။

လည်ချောင်းနာခြင်းအကြောင်း

😷လည်ချောင်းနာခြင်းအကြောင်း 😷 🤔 လည်ချောင်းနာတယ်ဆိုတာ ဘာလည်း?🤔 လည်ချောင်းနာတယ်ဆိုတာ လည်ချောင်းတွင်းမှာ ယားမယ်

အဆုတ်ကင်ဆာရောဂါ

🫁Lung Cancer(အဆုတ်ကင်ဆာရောဂါ)🫁 အဆုတ်ကင်ဆာ ရောဂါ ဆိုတာ တကမ္ဘာလုံးမှာအဖြစ်အများဆုံးကင်ဆာတွေမှာ ဒုတိယအနေနဲ့လိုက်ပါတယ်။ဆေးလိပ်သောက်ခြင်းကအဆုတ်ကင်ဆာကို အဓိကဖြစ်စေတဲ့အကြောင်းအရင်းဖြစ်ပေမယ့်

ပိုးသတ်ဆေးယဉ်ပါးခြင်းအန္တရယ်

💊 ပိုးသတ်ဆေးယဉ်ပါးခြင်းအန္တာရယ်💊 💊 ပိုးသတ်ဆေးဆိုတာဘာလည်း? ဆေးယဉ်ပါးခြင်းဆိုတာဘာလည်း?🛡 💊 ပိုးသတ်ဆေးဆိုတာ လူ့ခန္ဓာကိုယ်ထဲကိုဝင်လာတဲ့