အာဟာရဓာတ်ပြည့်ဝတဲ့မိခင်နို့ရည်

Breastfeeding Nutrition

🍼အာဟာရဓာတ်ပြည့်ဝတဲ့မိခင်နိုရည်🍼

သားသားမီးမီးလေးတွေကိုမိခင်နိုချို တိုက်ကျွေးတဲ့အခါ မေမေတိုအနေနဲ့ အာဟာရဓာတ်ပြည့်ဝဖို စိုးရိမ်တတ်ကြပါတယ်။👩‍👦ဘယ်လောက်ပမာဏစားသင့်သလဲ၊ဘယ်လောက်စားရင်ကလေးအတွက်အကျိုးရှိမလဲ၊ဘာတွေကိုစားရမယ်၊ဘာတွေကိုရှောင်ကြဉ်သင့်သလဲဆိုတာ ဆက်လေ့လာကြည့်ကြပါမယ်နော်။

👩‍⚕️ကလေးနိုတိုက်ချိန်မှာ ကယ်လိုရီကိုပိုစားပေးသင့်သလား?👩‍👦

အဖြေကတော့ yes ပါ။မေမေတိုအနေနှင့် နိုရည်ကိုအာဟာပြည့်ဝစွာထုတ်နိုင်အောင် ၊ စွမ်းအင်ရရှိအောင် တရက် လျှင်၃၃၀ မှ ၄၀၀ ကယ် လိုရီ ပို၍စားသုံးသင့်ပါတယ်။အပိုကယ်လိုရီရရှိဖိုအတွက် ကောက်နှံတခုလုံးပါဝင်တဲ့ ပေါင်မုန့်တချပ် နှင့်အတူ မြေပဲထောပတ် တဇွန်း (၁၆ ဂရမ်ခန့်) ၊ ပန်းသီး သိုမဟုတ် ငှက်ပျောသီး တလုံး၊ ၈အောင်စ( ၂၂၇ ဂရမ်ခန့်) ဒိန်ချဉ်ပမာဏကို စားသုံးပေးလိုရပါတယ်။👩‍⚕️

🍼နို့တိုက်ချိန်မှာ ဘယ်လိုအစားအသောက်တွေကိုစားသုံးပေးသင့်ပါသလဲ?👩‍⚕️

ပရိုတင်းလိုခေါ်တဲ့ အသားဓာတ် ၊ ကြက်ဥ ၊ နိုနှင့်နိုထွက်ပစ္စည်းများ ၊ ပဲနီလေး ၊ ပြဒါးဓာတ်နည်းတဲ့ ပင်လယ်စာများက နိုရည်အတွက်အထောက်အကူဖြစ်ပါလိမ့်မယ်။အခြား အသီးအနှံနှင့်ဟင်းသီးဟင်းရွက်များကိုလည်း စားသုံးပေးရပါမယ်။🥗 ထိုအပြင်ဆရာဝန် ညွှန်ကြားချက်အရ သောက်ရတဲ့  ဆေးများ ၊ ဗီတာမင်နှင့် ဖြည့်စွက်ဆေးများ ကိုဆက်သောက်ရန်လိုအပ်ပါတယ်။ ဒါမှသာ မိခင်ရော ကလေးပါ အာဟာရပြည့်ဝပြီး ကျန်းမာမှာပါ။👩‍⚕️

👩‍⚕️ရေ၊ အရည်နှင့် အဖျော်ရည်များကိုများများသောက်သုံးသင့်ပါသလား?👩‍⚕️

မေမေတိုရေ။ နိုတိုက်စဉ်မှာ ရေဆာရင် ဆာသလိုများများသောက်ပေးသင့်ပါတယ်။အကယ်၍ ဆီးကဝါကျင့်ကျင့်အရောင်ဖြစ်လာပြီဆိုရင် ရေပိုသောက်ပေးရပါမယ်။သကြားပါဝင်မှုများတဲ့ အရည်တွေဟာ အဝလွန်ခြင်းနှင့် ကလေးမွေးပြီးနောက် တက်လာတတ်တဲ့ကိုယ်အလေးချိန် လျှော့ချခြင်း မှာ အနှောင့်အယှက်ဖြစ်စေတဲ့အတွက် လျှော့၍သောက်သုံးပေးဖိုလိုအပ်ပါတယ်။❤️ နောက်တချက်က ကော်ဖီကြိုက်တဲ့ မိခင်များအတွက်ပါ။နိုထဲမှာ ပါတဲ့ ကဖင်းဓာတ်က ရင်သွေးလေးကို စိတ်အနှောင့်အယှက်ပိုဖြစ်စေပြီး အိပ်စက်ချိန်ကိုပါပြောင်းလဲစေနိုင်တဲ့အတွက် တရက်လျှင်၂ခွက်မှ ၃ခွက်ထက် ပိုပြီး မသောက်သုံးသင့်ပါဘူးနော်။🚫

🥗အသီးအရွက်ကိုသာစားသုံးတဲ့ vegetarian မေမေ ဆိုရင်ရော ဘာတွေစာသုံးသင့်ပါသလဲ?🥗

ပရိုတင်း ၊ သံဓာတ် နှင့် ကယ်လ်ဆီယမ် ဓာတ် ကြွယ်ဝတဲ့ အစားအစာများကိုစားပေးပါ။👩‍⚕️ ပဲနီလေး ၊ ပဲတောင့်ရှည်  နှင့်ပဲအမျိုးမျိုး၊ အစေ့အဆံများ ၊ စပျစ်သီးခြောက်ကဲ့သိုသစ်သီးအခြောက်များ၊ ဗီတာမင်စီ ဓာတ်များတဲ့ အစားအစာ တွေက သံဓာတ် ပြည့်ဝစေနိုင်ပါတယ်။🍇 ပရိုတင်းဓာတ်များတဲ့အစားအစာတွေကတော့ ပဲပိစပ် ၊ ပဲအမျိုးမျိုး ၊ကောက်နှံတခုလုံးပါတဲ့အစားအစာများ ၊ ကြက်ဥ ၊ နိုနှင့် နိုထွက်ပစ္စည်းများပါ။🥚ပဲပိစပ်နို ၊ ဒိန်ချဉ်နှင့် တိုဖူးကဲ့သို ကယ်ဆီယမ်ပါဝင် တဲ့အစားအစာတွေကိုလည်း စားသုံးသင့်ပါတယ်။🍦ဒါ့အပြင် ဗီတာမင် B12 ပါဝင်တဲ့ ဖြည့်စွက်ဆေးများ၊ ငါးမစားတဲ့မေမေတွေအတွက် omega -3 ပါဝင်တဲ့ ဆေးတွေကို ဆရာဝန် ညွှန်ကြားချက်နှင့်အညီသောက်သုံးပေးရန်လိုအပ်ပါတယ်။👩‍⚕️

🚫ဘာတွေကိုရှောင်ကြဉ်သင့်ပါသလဲ?🚫

➡️အရက်သောက်ခြင်းကိုရှောင်ကြဉ်သင့်ပါတယ်။

➡️ကဖင်း ဓာတ် များစေတဲ့ ကော်ဖီ ၊ လက်ဖက်ရည်တိုကို တရက်လျှင် ၂ ခွက် ၊၃ခွက်ထက် ပိုမသောက်သင့်ပါ။

➡️ပြဒါးဓာတ်များ တဲ့ ငါးတွေဟာ ရင်သွေးလေးကို ထိခိုက်စေနိုင်တဲ့အတွက် မက်ကရယ် ငါး ကဲ့သို ပြဒါးဓာတ်များတဲ့ ငါးတွေကိုစားသုံးခြင်းမှ ရှောင်ကြဉ်ပါ။

အကယ်၍ နိုတိုက်ပြီးချိန် ကလေးလေးမှာ အနီစက်တွေပေါ်လာတာ ၊ အသက်ရှူမြန်လာတာ၊ ဝမ်းသွားတာ စတဲ့ ဓာတ်မတည့်လက္ခဏာများပေါ်လာခဲ့လျှင် ဆရာဝန်များနှင့်ကုသမှုခံယူပေးဖိုလိုအပ်ပါတယ်။ 👩‍⚕️

မိခင်နဲ့ရင်သွေးကျန်းမာရေးနှင့် ပတ်သက်ပြီး ဆရာဝန်နဲ့ ဆွေးနွေးမေးမြန်းချင်လိုပဲဖြစ်ဖြစ်၊ ကျန်းမာရေးစောင့်ရှောက်မှု မန်ဘာအစီအစဥ်နဲ့ AMC TeleDocရဲ့ ဝန်ဆောင်မှုများအကြောင်းကို အသေးစိတ်သိရှိလိုပါက AMC TeleDoc Facebook Page ကနေတဆင့်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။❤️ 

 Share with

Related posts

More in “Health tips

ရာသီလာစဉ်အတွင်း ဂရုစိုက်သင့်တဲ့အမျိုးသမီးကျန်းမာရေ

🗓ရာသီလာစဉ်အတွင်း ဂရုစိုက်သင့်တဲ့အမျိုးသမီးကျန်းမာရေး🩸 👩‍⚕️အမျိုးသမီးတိုင်းလစဉ်ကြုံတွေ့နေရတဲ့ ဓမ္မတာစက်ဝန်းအတွင်းမှာ မိမိကိုယ်ကို သေချာဂရုစိုက်ပေးဖိုက အမျိုးသမီးတွေအတွက် လုပ်ဆောင်သင့်တဲ့ကျန်းမာရေးပဲဖြစ်ပါတယ်။

လည်ချောင်းနာခြင်းအကြောင်း

😷လည်ချောင်းနာခြင်းအကြောင်း 😷 🤔 လည်ချောင်းနာတယ်ဆိုတာ ဘာလည်း?🤔 လည်ချောင်းနာတယ်ဆိုတာ လည်ချောင်းတွင်းမှာ ယားမယ်

အဆုတ်ကင်ဆာရောဂါ

🫁Lung Cancer(အဆုတ်ကင်ဆာရောဂါ)🫁 အဆုတ်ကင်ဆာ ရောဂါ ဆိုတာ တကမ္ဘာလုံးမှာအဖြစ်အများဆုံးကင်ဆာတွေမှာ ဒုတိယအနေနဲ့လိုက်ပါတယ်။ဆေးလိပ်သောက်ခြင်းကအဆုတ်ကင်ဆာကို အဓိကဖြစ်စေတဲ့အကြောင်းအရင်းဖြစ်ပေမယ့်

ပိုးသတ်ဆေးယဉ်ပါးခြင်းအန္တရယ်

💊 ပိုးသတ်ဆေးယဉ်ပါးခြင်းအန္တာရယ်💊 💊 ပိုးသတ်ဆေးဆိုတာဘာလည်း? ဆေးယဉ်ပါးခြင်းဆိုတာဘာလည်း?🛡 💊 ပိုးသတ်ဆေးဆိုတာ လူ့ခန္ဓာကိုယ်ထဲကိုဝင်လာတဲ့