အမျိုးသမီးများနှင့်သားအိမ်ခေါင်းကင်ဆာ

Cervical Cancer

👩‍⚕️အမျိုးသမီးများနှင့်သားအိမ်ခေါင်းကင်ဆာ👩‍⚕️

သားအိမ်ခေါင်းဆိုတာ မိန်းမကိုယ်လမ်းကြောင်းနှင့်သားအိမ်အောက်ပိုင်းကိုဆက်ပေးတဲ့နေရာကိုဆိုလိုပါတယ်။သားအိမ်ခေါင်းမှာဖြစ်ပွါးတဲ့သားအိမ်ခေါင်းကင်ဆာရောဂါဟာ Human Papillomavirus(HPV) ကြောင့်ဖြစ်တာပါ။ HPV ပိုးဝင်ရောက်လာတဲ့အခါ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က ရောဂါပိုးကိုစတင်တိုက်ထုတ်ပါတယ်။အချို့သောသူတွေမှာတော့ နှစ်ပေါင်းများစွာကြာအောင် အသက်ရှင်နေတတ်ပြီး ပုံမှန်သားအိမ်ခေါင်း cellတွေကနေ ကင်ဆာ cell တွေအဖြစ်ကိုပြောင်းသွားတတ်ပါတယ်။👩‍⚕️

❗️ရောဂါလက္ခဏာများ❗️

အစောပိုင်းအဆင့်မှာ ရောဂါလက္ခဏာပြတာမျိုး သိပ်မရှိတတ်ပါဘူး။

👩‍⚕️နောက်ပိုင်းအဆင့်တွေရောက်လာရင်တော့အောက်ပါလက္ခဏာတွေ စပြလာတတ်ပါတယ်။👩‍⚕️

1.  မိန်းမကိုယ်မှ ပုံမှန်အနံ့မဟုတ်တဲ့ အရည်များဆင်းခြင်း

2.  ရာသီတခုနှင့်တခုကြား ၊ လိင်ဆက်ဆံပြီး ၊ သွေးဆုံးပြီးတဲ့အခါ သွေးဆင်းခြင်း

3.  တင်ပဆုံတဝိုက် နာကျင်ခြင်း သို့မဟုတ် လိင်ဆက်ဆံနေစဉ်နာကျင်ခြင်း

💁‍♀️ သားအိမ်ခေါင်းကင်ဆာဖြစ်နှုန်းကိုမြင့်စေတဲ့အကြောင်းအရင်းများ 💁‍♀️

🔴 ဆက်ဆံဖော်ပါတနာများခြင်း

🔴 အသက်အရွယ်အစောပိုင်းမှာ လိင်ဆက်ဆံမှုရှိခြင်း

🔴 Chlamydia, gonorrhoea , syphilis နှင့် HIV/AIDS ကဲ့သို့ လိင်မှတဆင့်ကူးစက်တတ်တဲ့ ရောဂါများဖြစ်ပွါးခြင်း

🔴 ကိုယ်ခံအားစနစ်မကောင်းခြင်း ၊ မကြာခဏဖျားလွယ်ခြင်း

🔴 ဆေးလိပ်သောက်ခြင်း

သားအိမ်ခေါင်းကင်ဆာမဖြစ်အောင် ဘယ်လိုကာကွယ်ကြမလဲ? 💁‍♀️

🔴 ကာကွယ်ဆေးထိုးပါ

HPV vaccine လို့ခေါ်တဲ့ သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး ကိုထိုးထားခြင်းက သားအိမ်ခေါင်းကင်ဆာအပြင် HPVကြောင့်ဖြစ်တတ်တဲ့အခြား ရောဂါတွေကိုလည်းတားဆီးပေးပါတယ်။👩‍⚕️

🔴 Pap test ကိုပုံမှန်စစ်ဆေးပါ

သားအိမ်ခေါင်းချွဲမြှေးစစ်ဆေးခြင်း သို့မဟုတ် Pap smear test ကိုပုံမှန်စစ်ဆေးခြင်းက ကင်ဆာအကြို အဆင့်တွေကို ကြိုတင်သိရှိနိုင်ခြင်း ၊ ကင်ဆာရောဂါကုသမှုခံယူနေစဉ် ရောဂါအခြေအနေ ကိုသိရှိနိုင်ခြင်းတို့ကြောင့် ပုံမှန်စစ်ဆေးပေးဖို့လိုပါတယ်။👩‍⚕️

သုတေသန စာတမ်းများက အသက် 21 အရွယ်မှ စ၍ သုံးနှစ်တခါ ငါးနှစ်တခါ စစ်ဆေး ပေးဖို့ အကြံပြုထားပါတယ်။

🔴 အန္တရာယ်ကင်းတဲ့ လိင်ဆက်ဆံမှုဖြစ်ပါစေ

🔴 ဆက်ဆံတိုင်းအကာအကွယ် အသုံးပြုပါ။ 

🔴 ဆက်ဆံဖော် ပါတနာ အရေအတွက်ကို လျှော့ချပါ။

🔴 ဆေးလိပ်သောက်ခြင်းကိုရပ်တန့်ပါ။

အထက်ပါသားအိမ်ခေါင်းကင်ဆာ ရောဂါလက္ခဏာများကို သင်သတိပြုမိပါက ကျွမ်းကျင်တဲ့ဆရာဝန်များနှင့်တိုင်ပင်ပြီး ကုသမှုကို ခံယူပါ။ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးထိုးခြင်းကို လည်းငယ်ရွယ်စဉ်မှာ ခံယူသင့်ပါတယ်။👩‍⚕️

သားအိမ်ခေါင်းကင်ဆာနဲ့ ပတ်သက်ပြီး ဆရာဝန်နဲ့ ဆွေးနွေးမေးမြန်းချင်လိုပဲဖြစ်ဖြစ်၊ ကျန်းမာရေးစောင့်ရှောက်မှု မန်ဘာအစီအစဥ်နဲ့ AMC TeleDocရဲ့ ဝန်ဆောင်မှုများအကြောင်းကို အသေးစိတ်သိရှိလိုပါက AMC TeleDoc Facebook Page ကနေတဆင့်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။❤️ 

 Share with

Related posts

More in “Health tips

ရာသီလာစဉ်အတွင်း ဂရုစိုက်သင့်တဲ့အမျိုးသမီးကျန်းမာရေ

🗓ရာသီလာစဉ်အတွင်း ဂရုစိုက်သင့်တဲ့အမျိုးသမီးကျန်းမာရေး🩸 👩‍⚕️အမျိုးသမီးတိုင်းလစဉ်ကြုံတွေ့နေရတဲ့ ဓမ္မတာစက်ဝန်းအတွင်းမှာ မိမိကိုယ်ကို သေချာဂရုစိုက်ပေးဖိုက အမျိုးသမီးတွေအတွက် လုပ်ဆောင်သင့်တဲ့ကျန်းမာရေးပဲဖြစ်ပါတယ်။

လည်ချောင်းနာခြင်းအကြောင်း

😷လည်ချောင်းနာခြင်းအကြောင်း 😷 🤔 လည်ချောင်းနာတယ်ဆိုတာ ဘာလည်း?🤔 လည်ချောင်းနာတယ်ဆိုတာ လည်ချောင်းတွင်းမှာ ယားမယ်

အဆုတ်ကင်ဆာရောဂါ

🫁Lung Cancer(အဆုတ်ကင်ဆာရောဂါ)🫁 အဆုတ်ကင်ဆာ ရောဂါ ဆိုတာ တကမ္ဘာလုံးမှာအဖြစ်အများဆုံးကင်ဆာတွေမှာ ဒုတိယအနေနဲ့လိုက်ပါတယ်။ဆေးလိပ်သောက်ခြင်းကအဆုတ်ကင်ဆာကို အဓိကဖြစ်စေတဲ့အကြောင်းအရင်းဖြစ်ပေမယ့်

ပိုးသတ်ဆေးယဉ်ပါးခြင်းအန္တရယ်

💊 ပိုးသတ်ဆေးယဉ်ပါးခြင်းအန္တာရယ်💊 💊 ပိုးသတ်ဆေးဆိုတာဘာလည်း? ဆေးယဉ်ပါးခြင်းဆိုတာဘာလည်း?🛡 💊 ပိုးသတ်ဆေးဆိုတာ လူ့ခန္ဓာကိုယ်ထဲကိုဝင်လာတဲ့