အဆုတ်ကင်ဆာရောဂါ

Lung Cancer

🫁Lung Cancer(အဆုတ်ကင်ဆာရောဂါ)🫁

အဆုတ်ကင်ဆာ ရောဂါ ဆိုတာ တကမ္ဘာလုံးမှာအဖြစ်အများဆုံးကင်ဆာတွေမှာ ဒုတိယအနေနဲ့လိုက်ပါတယ်။ဆေးလိပ်သောက်ခြင်းကအဆုတ်ကင်ဆာကို အဓိကဖြစ်စေတဲ့အကြောင်းအရင်းဖြစ်ပေမယ့် ဆေးလိပ်လုံးဝမသောက်တဲ့သူတွေမှာလည်း အဆုတ်ကင်ဆာဖြစ်ပွါးတာကိုတွေ့ရှိရပါတယ်။👩‍⚕️

  အဆုတ်ကင်ဆာဖြစ်ပွါးနိုင်ချေဟာ ဆေးလိပ်သောက်ခဲ့တဲ့အချိန်အတိုင်းအတာနှင့်  သောက်တဲ့ဆေးလိပ် အရေအတွက်အပေါ်လိုက်ပြီး မူတည်နေပါတယ်။ဒါပေမယ့်ဆေးလိပ်သောက်တာကိုဖြတ်လိုက်တဲ့အချိန်မှာတော့နှစ်ပေါင်းဘယ်လောက်ကြာကြာသောက်ခဲ့ပေမယ့် အဆုတ်ကင်ဆာ ဖြစ်နိုင်ချေကိုသိသိသာသာ လျော့ကျစေတာတွေ့ရပါတယ်။👩‍⚕️

👩‍⚕️အဆုတ်ကင်ဆာရဲ့ရောဂါလက္ခဏာများကိုလေ့လာရအောင်ပါ။👩‍⚕️

အများအားဖြင့်အစောပိုင်းအဆင့်တွေမှာတော့ လက္ခဏာပြလေ့မရှိပါဘူး။

ဒီလိုလက္ခဏာတွေပေါ်လာပြီဆိုရင်တော့ သတိထားသင့်ပါတယ်။

➡️ချောင်းဆိုးကြာရှည်နေတာ(ပုံမှန်အားဖြင့် နှစ်ပတ်လောက်ဆို သိသိသာသာ ပျောက်ပေမယ့် တလလောက်ရေရှည်ဆိုးနေတာ)

➡️ချောင်းဆိုးတဲ့အခါ သွေးစနည်းနည်းလေးပါလာတာ

➡️အသက်ရှူရခက်ခဲတာ

➡️ရင်ဘတ်အောင့်တာ

➡️အသံခပ်ရှရှ အက်ကွဲတာ

➡️ရတ်တရက် ကိုယ်အလေးချိန် သိသာစွာကျဆင်းတာ

➡️အရိုးထဲကနာကျင်တာ

➡️ခေါင်းမူး ခေါင်းကိုက်စတာတွေ ဖြစ်တတ်ပါတယ်။

     အဆုတ်ကင်ဆာကိုဖြစ်ပွါးစေတဲ့အကြောင်းအရင်းအများထဲက အဓိကအချက်ကတော့ ဆေးလိပ်သောက်ခြင်းပါ။ဆေးလိပ်သောက်တဲ့သူသာမက 

Secondhand smokers လိုခေါ်တဲ့အငွေ့ ရှူမိသူတွေဆီမှာပါ အဆုတ်ကင်ဆာ ဖြစ်ပွါးတတ်ပါတယ်။🩺

    ဆေးလိပ်သောက်လိုက်တဲ့အခါ ကင်ဆာရောဂါကိုဖြစ်ပွါးစေတဲ့ carcinogenic substances တွေဟာ အဆုတ်ကိုဝိုင်းရံထားတဲ့တစ်သျှူးတွေကို ပျက်စီးစေပါတယ်။🫁

အချိန်ကာလတခုအထိ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က ပြန်ပြုပြင်ပေးနိုင်ပေမယ့် ကြိမ်ဖန်များစွာ တိုက်စားပျက်စီး လာတဲ့အခါ ပြန်ပြင်လိုမရတော့ပဲ ကင်ဆာ ဆဲလ်တွေအဖြစ်ပြောင်းလဲသွားပါတော့တယ်။🩺👩‍⚕️

🔴အဆုတ်ကင်ဆာဖြစ်ပွါးမှုကိုမြင့်တက်စေတဲ့အခြားအချက်တွေလဲရှိပါသေးတယ်။🔴

➡️ဓာတ်ရောင်ခြည်ကုထုံးများ- အဆုတ်ကင်ဆာကဲ့သို အခြားကင်ဆာအမျိုးအစားများအတွက် ရင်ဘတ်ကို ဓာတ်ရောင်ခြည်ပေးပြီးကုသရတဲ့အခါ အဆုတ်ကင်ဆာဖြစ်ပွါးမှုမြင့်တက်လာပါတယ်။

➡️Radon ဓာတ်ငွေ့နှင့်ထိတွေ့ခြင်း- မြေကြီး ၊ကျောက် နှင့် ရေ မှာပါဝင် တဲ့ Uranium ဓာတ် ပြိုကွဲတဲ့အခါ ထွက်လာတဲ့ radon ဓာတ်ငွေ့ဟာ လေထဲကိုပျံ့လွင့်လာရင် အဆုတ်ကင်ဆာ ဖြစ်စေတတ်ပါတယ်။

➡️Asbestos နှင့်အခြား carcinogenic ပစ္စည်းများနှင့်ထိတွေ့ခြင်း

➡️Arsenic , chromium နှင့် nickel များတဲ့ အလုပ် နေရာများမှာ အလုပ်လုပ်ခြင်း

➡️မသားစုမျိုးရိုးထဲမှာ အဆုတ်ကင်ဆာရောဂါဖြစ်ဖူးသူရှိခြင်း

🔴နောက်ဆက်တွဲ ရောဂါဆိုးကျိုးများအနေနှင့်🔴

➡️အသက်ရှူရခက်ခဲလာခြင်း ( ကင်ဆာကြောင့်ထွက်လာတဲ့အရည်တွေက အဆုတ်မှာစုပုံလာခြင်းကြောင့် အသက်ရှုရပိုခက်လာတာ)

➡️သေးအန်ခြင်း

➡️အဆုတ်နေရာသာမက တကိုယ်လုံးကအရိုးတွေမှာနာကျင်ခြင်း

➡️Pleural effusion လိုခေါ်တဲ့ အဆုတ်အမြှေးပါးမှာအရည်တွေစုပုံလာခြင်း

➡️ဦးနှောက်နှင့် အရိုးကဲ့သိုအခြား ခန္ဓာကိုယ်အစိတ်အပိုင်းများသိုပျံ့နှံသွားခြင်းများ ရှိတတ်ပါတယ်။

👩‍⚕️အဆုတ်ကင်ဆာရောဂါမဖြစ်အောင်ကြိုတင်ကာကွယ်နိုင်ပါသလား။👩‍⚕️

🚫ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်ပါ။

🚫နစ်ပေါင်းများစွာကြာအောင်သောက်ခဲ့ရင် ဆေးလိပ်ဖြတ်ဖိုကြိုးစားကြည့်ပါ။

🚫ဆေးလိပ်သောက်သူများပြားတဲ့နေရာတွေ ကိုရှောင်ကြဉ်သင့်ပါတယ်။

🚫carcinogenic ကင်ဆာဖြစ်စေတဲ့ ပစ္စည်းတွေနဲ့ထိတွေ့နေရတဲ့အလုပ်နေရာဖြစ်မယ်ဆိုရင် mask တပ်သင့်ပါတယ်။

🚫ဟင်းသီးဟင်းရွက်နှင့် အသီးအနှံတွေကိုများများ စားသုံးပါ။

🚫ကျန်းမာကြံ့ခိုင်စေဖို တပတ်မှာ၃ ရက် မှ ၄ရက် ခန့် လေ့ကျင့်ခန်းပုံမှန်ပြုလုပ်ပေးသင့်ပါတယ်။

ကျန်းမာရေးနှင့် ပတ်သက်ပြီး မေးမြန်းချင်လိုပဲဖြစ်ဖြစ်၊ ကျန်းမာရေးစောင့်ရှောက်မှု မန်ဘာအစီအစဥ်နဲ့ AMC TeleDocရဲ့ ဝန်ဆောင်မှုများအကြောင်းကို အသေးစိတ်သိရှိလိုပါက AMC TeleDoc Facebook Page ကနေတဆင့်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။❤️

အားလုံးပဲ ကျန်းမာပျော်ရွှင်တဲ့ နေ့ရက်လေးတွေ ပိုင်ဆိုင်နိုင်ကြပါစေ။❤️

 Share with

Related posts

More in “Health tips

ရာသီလာစဉ်အတွင်း ဂရုစိုက်သင့်တဲ့အမျိုးသမီးကျန်းမာရေ

🗓ရာသီလာစဉ်အတွင်း ဂရုစိုက်သင့်တဲ့အမျိုးသမီးကျန်းမာရေး🩸 👩‍⚕️အမျိုးသမီးတိုင်းလစဉ်ကြုံတွေ့နေရတဲ့ ဓမ္မတာစက်ဝန်းအတွင်းမှာ မိမိကိုယ်ကို သေချာဂရုစိုက်ပေးဖိုက အမျိုးသမီးတွေအတွက် လုပ်ဆောင်သင့်တဲ့ကျန်းမာရေးပဲဖြစ်ပါတယ်။

လည်ချောင်းနာခြင်းအကြောင်း

😷လည်ချောင်းနာခြင်းအကြောင်း 😷 🤔 လည်ချောင်းနာတယ်ဆိုတာ ဘာလည်း?🤔 လည်ချောင်းနာတယ်ဆိုတာ လည်ချောင်းတွင်းမှာ ယားမယ်

အဆုတ်ကင်ဆာရောဂါ

🫁Lung Cancer(အဆုတ်ကင်ဆာရောဂါ)🫁 အဆုတ်ကင်ဆာ ရောဂါ ဆိုတာ တကမ္ဘာလုံးမှာအဖြစ်အများဆုံးကင်ဆာတွေမှာ ဒုတိယအနေနဲ့လိုက်ပါတယ်။ဆေးလိပ်သောက်ခြင်းကအဆုတ်ကင်ဆာကို အဓိကဖြစ်စေတဲ့အကြောင်းအရင်းဖြစ်ပေမယ့်

ပိုးသတ်ဆေးယဉ်ပါးခြင်းအန္တရယ်

💊 ပိုးသတ်ဆေးယဉ်ပါးခြင်းအန္တာရယ်💊 💊 ပိုးသတ်ဆေးဆိုတာဘာလည်း? ဆေးယဉ်ပါးခြင်းဆိုတာဘာလည်း?🛡 💊 ပိုးသတ်ဆေးဆိုတာ လူ့ခန္ဓာကိုယ်ထဲကိုဝင်လာတဲ့