သက်ကြီးရွယ်အိုနှင့်စိတ်ကျန်းမာရေ:

Elders & Mental Health

🧓သက်ကြီးရွယ်အိုနှင့်စိတ်ကျန်းမာရေး 👴

👨‍⚕️စိတ်ကျန်းမာရေးလို့ပြောရင် တော်တော်များများအရင်ဆုံးတွေးမိတဲ့ အသက်အရွယ်က လူငယ် လူလတ်ပိုင်း အသက်အရွယ်ပဲဖြစ်ပါတယ်။ သက်ကြီးပိုင်း အထူးသဖြင့် ဘိုးဘွားအရွယ်မှာလည်း စိတ်အားငယ်တတ်တာ စိတ်ဓာတ်ကျမိတာတွေရှိကြပါတယ်။ လူအများစုက ဘိုးဘွားတို့ အတွက် စားသောက်ဖို့ ဆေးဝါးဆိုင်ရာပံ့ပိုးမှု့ပေးနိုင်ရင် လုံလောက်ပြီလို့တွေးတတ်ကြပါတယ် ။ မှန်ပါတယ် စားသောက်ဖို့ ဆေးဝါးဆိုင်ရာ ပံ့ပိုးနိုင်ဖို့ကလည်း အရေးကြီးတာပါပဲ ဒါပေမယ့် စိတ်ပိုင်းဆိုင်ရာအားပေးမှု့ အဖော်ပြုပေးမှု့က ပိုအရေးကြီးပါတယ် ။ မိမိတို့ငယ်စဉ်ကအဖြစ်အပျက်တွေ ကြုံခဲ့ ဖြတ်သန်းခဲ့ရတာတွေကို မမောနိုင်ပဲပြောတတ်တဲ့ အဘိုးအဘွား ရှိပါက သေချာနားထောင်ပေးပါ 😍

နားထောင်ရင်း မိမိလည်း မိမိ ဘဝအတွက် ယူစရာတွေယူလို့ရနိုင်သလို ပြောနေတဲ့ ဘိုးဘွားတွေရဲ့ ပီတိကိုလည်း ခံစားပါ ။ နှစ်ဖက်အသွားအလာ မေတ္တာ သဘောတွေပဲဖြစ်ပါတယ်။ အဆိုပါ ပီတိကိုခံစားရတဲ့စိတ်အခံကြောင့် ၎င်းတို့ကျန်းမာရေးဟာလည်း ကောင်းမွန်နေမှာဖြစ်ပါတယ် ။ 😊

➡️စိတ်အားငယ် စိတ်ဓာတ်ကျနေတဲ့ ဘိုးဘွားတွေကိုတွေ့ရင် ဘာလုပ်ပေးနိုင်မလည်း?

🅾️( ၁ )အားပေးပါ

အားပေးခြင်းဆိုတာ မည်သည့်အသက်အရွယ်မဆိုလိုအပ်ပါတယ် ။ စိတ်ကြောင့်ပဲ့အရာအားလုံးကိုလုပ်ဆောင်နိုင်မှာဖြစ်လို့ တစ်ဦးနဲ့တစ်ဦး အားပေးကူညီခြင်းက မည်သည့် အသက်အရွယ်မဆို အရေးပါတဲ့ အရာတစ်ခုဖြစ်ပါတယ် ❤️

🅾️( ၂ ) ဘိုးဘွားတို့ကို စကားနဲ့ အဖော်ပြုပေးပါ ❤️

🅾️( ၃ ) စိတ်အားတက်စေမယ့် အပြုအမူတို့ကိုပြသပေးပါ ❤️

🅾️( ၄ ) ၎င်းတို့ရဲ့ကျန်းမာရေးဆိုင်ရာကို သတိပြုပြီး ပြုစု ပေးပါ ❤️

🅾️( ၅ ) အပြင်ပတ်ဝန်းကျင်နဲ့ထိတွေ့စေပေးပါ။ စတာတွေကို သင့်တော်ရာအလိုက် ပြုလုပ်ပြီး ဘိုးဘွား တို့စိတ်ကို အားတက်စေအောင်ပြုလုပ်ပေးလို့ရပါတယ်။

သက်ကြီး ကျန်းမာရေးနှင့် ပတ်သက်ပြီး ဆရာဝန်နဲ့ ဆွေးနွေးမေးမြန်းချင်လိုပဲဖြစ်ဖြစ်၊ ကျန်းမာရေးစောင့်ရှောက်မှု မန်ဘာအစီအစဥ်နဲ့ AMC TeleDocရဲ့ ဝန်ဆောင်မှုများအကြောင်းကို အသေးစိတ်သိရှိလိုပါက AMC TeleDoc Facebook Page ကနေတဆင့်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။❤️

 Share with

Related posts

More in “Health tips

ရာသီလာစဉ်အတွင်း ဂရုစိုက်သင့်တဲ့အမျိုးသမီးကျန်းမာရေ

🗓ရာသီလာစဉ်အတွင်း ဂရုစိုက်သင့်တဲ့အမျိုးသမီးကျန်းမာရေး🩸 👩‍⚕️အမျိုးသမီးတိုင်းလစဉ်ကြုံတွေ့နေရတဲ့ ဓမ္မတာစက်ဝန်းအတွင်းမှာ မိမိကိုယ်ကို သေချာဂရုစိုက်ပေးဖိုက အမျိုးသမီးတွေအတွက် လုပ်ဆောင်သင့်တဲ့ကျန်းမာရေးပဲဖြစ်ပါတယ်။

လည်ချောင်းနာခြင်းအကြောင်း

😷လည်ချောင်းနာခြင်းအကြောင်း 😷 🤔 လည်ချောင်းနာတယ်ဆိုတာ ဘာလည်း?🤔 လည်ချောင်းနာတယ်ဆိုတာ လည်ချောင်းတွင်းမှာ ယားမယ်

အဆုတ်ကင်ဆာရောဂါ

🫁Lung Cancer(အဆုတ်ကင်ဆာရောဂါ)🫁 အဆုတ်ကင်ဆာ ရောဂါ ဆိုတာ တကမ္ဘာလုံးမှာအဖြစ်အများဆုံးကင်ဆာတွေမှာ ဒုတိယအနေနဲ့လိုက်ပါတယ်။ဆေးလိပ်သောက်ခြင်းကအဆုတ်ကင်ဆာကို အဓိကဖြစ်စေတဲ့အကြောင်းအရင်းဖြစ်ပေမယ့်

ပိုးသတ်ဆေးယဉ်ပါးခြင်းအန္တရယ်

💊 ပိုးသတ်ဆေးယဉ်ပါးခြင်းအန္တာရယ်💊 💊 ပိုးသတ်ဆေးဆိုတာဘာလည်း? ဆေးယဉ်ပါးခြင်းဆိုတာဘာလည်း?🛡 💊 ပိုးသတ်ဆေးဆိုတာ လူ့ခန္ဓာကိုယ်ထဲကိုဝင်လာတဲ့