လုံခြုံစိတ်ချရတဲ့ လိင်ဆက်ဆံခြင်း

Graphics - 2022-08-02T172315.349

⛑Safe sex ဆိုတာဘာလဲ?⛑

Safe sex ဆိုတာကို လိင်ဆက်ဆံရာကနေတစ်ဆင့်ကူးစက်တတ်တဲ့ရောဂါတွေ ( အိတ်ချ်အိုင်ဗီ , အေအိုင်ဒီအက်စ် , ကာလသားရောဂါ , ဆစ်ဖလစ် , ဂနို , အသည်းရောင်အသားဝါ ) စတဲ့ရောဂါတွေကိုကာကွယ် နိုင်မယ့်နည်းလမ်းတွေ ၊ အဆိုပါနည်းလမ်းတွေကို သိရှိ အသုံးချနိုင်တဲ့ အခြေအနေကို ဆိုလိုပါတယ်။ 👨‍⚕️🦠

⛑Safe sex ဆိုတာကိုဘယ်လို ဖန်တီးယူနိုင်လဲ (သို)လိင်ဆက်ဆံရာကနေကူးစက်နိုင်တဲ့ ရောဂါတွေကို ဘယ်လိုကာကွယ်နိုင်မလဲ?👨‍⚕️

အစအနေနဲ့ကတော့ မိမိရော မိမိရဲ့လက်တွဲဖော်ပါ မလုံခြုံတဲ့ လိင်ဆက်ဆံမှုကနေ ဘယ်လိုရောဂါတွေကူးစက်နိုင်တာ ဘယ်လိုကာကွယ်နိုင်တာစတာတွေ အရင်သိရှိထားဖိုလိုပါမယ်။👨‍⚕️

⛑ဒါဆိုဘယ်လို ကာကွယ် နိုင်မလဲ? ⛑

မိမိကိုယ်တိုင် နဲ့ မိမိရဲ့ဆက်ဆံဖော်ကြားမှာ ပွင့်ပွင့်လင်းလင်းတိုင်ပင်တာ ( အရင်က ဖြစ်ခဲ့တဲ့လိင်ဆက်ဆံမှုတွေ ၊ အရင်က လိင်ဆက်ဆံမှုကနေကူးစက်တတ်တဲ့ ရောဂါဖြစ်ဖူး မဖြစ်ဖူး ) စတဲ့ အခြေအနေတွေကို အရင်တိုင်ပင် ဆွေးနွေးကြည့်ပါ။ ပြီးရင် တစ်ယောက်နဲ့တစ်ယောက် သိရှိထားတဲ့ ကာကွယ်နိုင်တဲ့ အခြေအနေတွေကို မျှဝေပါ။ အကယ်၍ မသိရှိပါကလည်း မိမိတို နဲ့နီးစပ်ရာ ကျန်းမာရေး ဝန်းထမ်းကို တိုင်ပင်ဆွေးနွေးဖိုလိုပါတယ်။ ကာကွယ်ဖို အတွက် အကောင်းဆုံးနည်းလမ်းကတော့ မိမိ ဆက်ဆံဖော်ဟာ ကူးစက်ရောဂါတခုခု ကူးစက်ခံထားရ မထားရအရင်ဆုံး သိရှိထားခြင်းပဲဖြစ်ပါတယ်။ 🤷‍♂️

အဓိက ကာကွယ်နိုင်တဲ့နည်းလမ်းတစ်ခုကတော့ ဆက်ဆံတဲ့အခါ ကွန်ဒုံး သုံးစွဲခြင်းပါပဲ ( အမျိုးသား ကွန်ဒုံး ၊ အမျိုးသမီး ကွန်ဒုံး ) ကွန်ဒုံးကို စတင်ဆက်ဆံတဲ့ အချိန်ကစပြီး အလုံးစုံ ပြီးမြောက်သည်အထိ ( oral sex ပြုလုပ်ချိန် အပါအဝင် ) အသုံးပြုရပါမယ်။ ( အသုံးမပြုခင် မိမိအသုံးပြုမယ့် ကွန်ဒုံးကို အပေါက်အပြဲ ရက်ကုန် မိမိနဲ့ကိုက်ညီမယ့်အရွယ် စတာတွေကို သေချာစစ်ဆေးရပါမယ် )။ 👩‍❤️‍👨💏

🦠ဒါဆို ကွန်ဒုံးသုံးရင် ကူးစက်ရောဂါအကုန်ကာကွယ် နိုင်မလား ?🦠

ကွန်ဒုံးအသုံးပြုရင် ကူးစက်ရောဂါအကုန်ကို အလုံးစုံကာကွယ်နိုင်မှာမဟုတ်ပါဘူး။ကူးစက်ရောဂါတွေ ကူးစက်နိုင်မှုကို သိသိသာသာ ကျဆင်းစေမှာပါ။ကွန်ဒုံးသည် ကူးစက်ရောဂါအများစုကူးစက်နိုင်စွမ်းကို သိသိသာသာ လျှော့ချပေးနိုင်ပေမယ့် ရေယုန် ( herpes ) ဆစ်ဖလစ် ( syphilis ) လိင်ကြွက်နို ( genital warts )စတဲ့ကူးစက်ရောဂါတွေက အရေပြား – အရေပြားခြင်းထိကပ်တာကနေ ကူးစက်နိုင်တာမို အဓိက ကာကွယ်နိုင်တာကတော့ မိမိ ရော မိမိဆက်ဆံဖော်ပါ အချင်းချင်း ပွင့်ပွင့်လင်းလင်း ရှိဖိုပါပဲ။ 👨‍⚕️

ကာကွယ်မှုနည်းလမ်းတွေအနေကတော့ မိမိဆက်ဆံဖော်ကော မိမိကိုယ်တိုင်ပါ ပုံမှန် ကူးစက်ရောဂါရှိ မရှိ သွေးစစ်ဆေးတာ ၊ ( regular Pap tests , periodic tests for STIs )အကယ်၍ ကူးစက်ရောဂါတစ်ခုရှိနေရင် ( ဂနို , ဆစ်ဖလစ် ) အဆိုပါရောဂါကိုအရင်ပျောက်ကင်းအောင် ကုသမှုခံယူပါ။ မဆက်ဆံခင်နဲ့ ဆက်ဆံနေချိန်အတွင်းမှာ ကာကွယ်နိုင်တဲ့နည်းလမ်းတွေကို သေချာ အသုံးချတာ ( ကွန်ဒုံးသုံးတာ မဆက်ဆံခင် အရက် ဆေးဝါး သုံးစွဲထားခြင်းမရှိတာ ) မိမိကိုယ်တိုင်ကော မိမိဆက်ဆံဖော်ကော ပုံမှန် ကိုယ့်ခန္ဓာကိုယ် ( လိင်အင်္ဂါပိုင်း ) ကိုသေချာသန့်ရှင်းရေး ၊ အခြား အဖု အနာ ရှိမရှိ စစ်ဆေးတာစတဲ့နည်းလမ်း တွေနဲ့ ကူးစက်ရောဂါတွေကို သိသိသာသာ ကာကွယ်နိုင်မှာပါ ။👨‍⚕️

အကယ်၍ မိမိဆက်ဆံဖော်မှာ ကူးစက်ရောဂါကင်းမကင်းလည်း မသိနိုင် ဆက်ဆံချိန် မှာလည်း မိမိ / မိမိ ဆက်ဆံဖော် ကွန်ဒုံးပေါက်ပြဲ သွားတဲ့အခြေအနေမှာဆိုရင် စိတ်အရမ်းအစိုးရိမ်လွန်ခြင်းမဖြစ်ပဲ သင့်တော်တဲ့ သွေးစစ်တာ ကာကွယ်ဆေးသောက်တာ ( incase of Retro infection ) စတဲ့ကာကွယ်မှုနည်းလမ်းတွေကို အမြန်စတင်နိုင်အောင် နီးစပ်ရာ ကျန်းမာရေး တာဝန်ခံ ဆရာဝန် နဲ့တိုင်ပင်ပါ ။👨‍⚕️

👩‍⚕️မျိုးဆက်ပွါး နဲ့ လိင်ကျန်းမာရေးနှင့် ပတ်သက်ပြီး မေးမြန်းချင်လိုပဲဖြစ်ဖြစ်၊ ကျန်းမာရေးစောင့်ရှောက်မှု မန်ဘာအစီအစဥ်နဲ့ AMC TeleDocရဲ့ ဝန်ဆောင်မှုများအကြောင်းကို အသေးစိတ်သိရှိလိုပါက AMC TeleDoc Facebook Page ကနေတဆင့်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။❤️

 Share with

Related posts

More in “News

ရာသီလာစဉ်အတွင်း ဂရုစိုက်သင့်တဲ့အမျိုးသမီးကျန်းမာရေ

🗓ရာသီလာစဉ်အတွင်း ဂရုစိုက်သင့်တဲ့အမျိုးသမီးကျန်းမာရေး🩸 👩‍⚕️အမျိုးသမီးတိုင်းလစဉ်ကြုံတွေ့နေရတဲ့ ဓမ္မတာစက်ဝန်းအတွင်းမှာ မိမိကိုယ်ကို သေချာဂရုစိုက်ပေးဖိုက အမျိုးသမီးတွေအတွက် လုပ်ဆောင်သင့်တဲ့ကျန်းမာရေးပဲဖြစ်ပါတယ်။

လည်ချောင်းနာခြင်းအကြောင်း

😷လည်ချောင်းနာခြင်းအကြောင်း 😷 🤔 လည်ချောင်းနာတယ်ဆိုတာ ဘာလည်း?🤔 လည်ချောင်းနာတယ်ဆိုတာ လည်ချောင်းတွင်းမှာ ယားမယ်

အဆုတ်ကင်ဆာရောဂါ

🫁Lung Cancer(အဆုတ်ကင်ဆာရောဂါ)🫁 အဆုတ်ကင်ဆာ ရောဂါ ဆိုတာ တကမ္ဘာလုံးမှာအဖြစ်အများဆုံးကင်ဆာတွေမှာ ဒုတိယအနေနဲ့လိုက်ပါတယ်။ဆေးလိပ်သောက်ခြင်းကအဆုတ်ကင်ဆာကို အဓိကဖြစ်စေတဲ့အကြောင်းအရင်းဖြစ်ပေမယ့်

ပိုးသတ်ဆေးယဉ်ပါးခြင်းအန္တရယ်

💊 ပိုးသတ်ဆေးယဉ်ပါးခြင်းအန္တာရယ်💊 💊 ပိုးသတ်ဆေးဆိုတာဘာလည်း? ဆေးယဉ်ပါးခြင်းဆိုတာဘာလည်း?🛡 💊 ပိုးသတ်ဆေးဆိုတာ လူ့ခန္ဓာကိုယ်ထဲကိုဝင်လာတဲ့