😷လည်ချောင်းနာခြင်းအကြောင်း 😷
🤔 လည်ချောင်းနာတယ်ဆိုတာ ဘာလည်း?🤔
လည်ချောင်းနာတယ်ဆိုတာ လည်ချောင်းတွင်းမှာ ယားမယ် ခြောက်ကပ်ကပ်ဖြစ်မယ် အဆိုးဆုံးက နာကျင်တာတွေ ခံစားရတာကိုဆိုလိုတာပါ ။👩⚕️လည်ချောင်းနာတယ်ဆိုတာတော်တော်ခံရခက်တဲ့ အခြေအနေတခုပါ ။ လည်ချောင်းသည် အစာမျိုချရာလမ်းအစဖြစ်နေလို့ပါ ။ ပြီးတော့အသက်ရှုလမ်းကြောင်းရဲ့အစိတ်အပိုင်းတခုလို့လည်းပြောလို့ရပါသေးတယ် ။ အဲတော့ လည်ချောင်းနာပြီဆို အစာ ရေ မျိုချရခက်တာ အသက်ရှုရင် လည်ချောင်းကခြောက်ကပ်ကပ်ဖြစ်တာ ယားတာ စတာတွေခံစားရပါတယ် ။👩⚕️
🤔 လည်ချောင်းဘာလို့နာနိုင်သလည်း? 🤔
🔴 လညိချောင်းနာခြင်းကို ပိုးဝင်ခြင်း ( ဘက်တီးရီးယား နှင့် ဗိုင်းရစ်စ် )🦠
🔴 ပတ်ဝန်းကျင် အခြေအနေ ဥပမာ ဖုန်မှုန့်ထူထပ်ခြင်း လေထုညစ်ညမ်းခြင်း
🔴 ဆေးလိပ်နှင့်ဆေးရွက်ကြီးသောက်သုံ:တာများခြင်း
🔴 ဓာတ်မတည့်ခြင်း စတာတွေကြောင့်ဖြစ်နိုင်ပါတယ် ။ များသောအားဖြင့်တော့ လည်ချောင်းနာတာဟာ သူ့အလိုလို ပြန်ပျောက်ပါတယ် ။ 👩⚕️
လည်ချောင်းနာတာကို ယေဘုယျအနေနဲ့ နေရာ ၃ နေရာသတ်မှတ်ပါတယ်။ 👩⚕️
🔴 ပထမကတော့ နှာခေါင်းနဲ့ပါးစပ်တို့ကြားကနေရာမှာ နာတတ်တာ
🔴 ဒုတိယက အာသီးရောင်တာ
🔴 တတိယကတော့ လေပြွန်ရောင်တာကြောင့်လည်ပင်းတဝိုက်နာတတ်တာ စသဖြင့် သတ်မှတ်လို့ရပါတယ် ။
လည်ချောင်းရောင်ခြင်းရဲ့ ရောဂါလက္ခဏာတွေကတော့
🔴 လည်ချောင်းတလျှောက်ယားခြင်း
🔴 လည်ချောင်းပူလောင် ခြောက်ကပ်ကပ်ဖြစ်ခြင်း
🔴 နာကျင်ခြင်း စတာတွေလို့ ယေဘူယျသတ်မှတ်ထားပါတယ်။ 👩⚕️
ဆုံစို့ရောဂါမှာတော့ အာသီးရောင်တာအပြင် အာသီးပတ်ဝန်းကျင်မှာ အဖြူဖတ်တွေတွေ့ရပါတယ် ။ အဆိုပါလည်ချောင်း အာသီးမှာအဖြူဖတ်တွေ့ရရင် နီးစပ်ရာကျန်းမာရေး စင်တာတွေကို အမြန်အကြောင်းကြားပေးပါ ။👩⚕️
🤔လည်ချောင်းနာရင်ဘာတွေမိမိဘာသာလုပ်လို့ရမလည်း?🤔
ဆားရည်နွေးနွေးနဲ့ပလုတ်ကျင်းတာ ဒါမှမဟုတ် ပလုတ်ကျင်းဆေးနဲ့ပလုတ်ကျင်းတာ ( C20 Gargle , Betadine Gargle )၊ ရေနွေး၊ လက်ဖက်ရည်နွေး၊ သံပုရာရည်နွေးနွေး စတာတွေသောက်တာ၊ လည်ချောင်းနာပျောက်ဆေးငုံပေးတာ၊ အသံအရမ်းအကျယ်ကျယ်မပြောပဲ နာတာသက်သာအောင်နေတာ စတာတွေနဲ့မိမိကိုယ်ကို သက်သာအောင်နေလို့ရပါတယ်။ 👩⚕️
👩⚕️ ဘယ်လိုအချိန်မှာဆရာဝန်နဲ့ပြသရမလည်း? 👩⚕️
🔴 နာတာအရမ်းဆိုးလာတာ
🔴 အစားမျိုချရ အသက်ရှုရ ခက်ခဲလာတာ
🔴 ပါးစပ်ကောင်းကောင်းမဟနိုင်တော့
တာ
🔴 ခြေလက်အဆစ်တွေနာလာတာ
🔴 နားရွက်အတွင်းနာလာတာ
🔴 သလိပ် ဒါမှမဟုတ် တံတွေးမှာ သွေးစပါလာတာ
🔴 ခံစားရတာ ၁ ပတ်ထက်ကြာလာတာ စတဲ့အခြေအနေတွေမှာတော့ နီးစပ်ရာဆရာဝန်နဲ့တိုင်ပင်ဖို့လိုပါမယ်။ 👩⚕️များသောအားဖြင့်လည်ချောင်းနာခြင်းကို အနားယူခြင်း၊ ပလုတ်ကျင်းခြင်း ၊ ဆေးငုံခြင်းစတာတွေနဲ့သက်သာစေပါတယ်။ ❤️
လည်ပင်းနာခြင်းနှင့် ပတ်သက်ပြီး ဆရာဝန်နဲ့ဆွေးနွေးမေးမြန်းချင်လိုပဲဖြစ်ဖြစ်၊ ကျန်းမာရေးစောင့်ရှောက်မှု မန်ဘာအစီအစဥ်နဲ့ AMC TeleDocရဲ့ ဝန်ဆောင်မှုများအကြောင်းကို အသေးစိတ်သိရှိလိုပါက AMC TeleDoc Facebook Page ကနေတဆင့်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။❤️