မီးဖွားပြီးချိန်သိထားသင့်တဲ့ ကျန်းမာရေးပြဿနာများ
မီးဖွားပြီးချိန် ကျန်းမာရေးဂရုစိုက်မှုဆိုတာ ဘယ်အချိန်က စတာလဲ ?
အကြမ်းအားဖြင့် မီးဖွားပြီး ပထမဆုံး ၆ ပတ်တာကာလကို ဆိုလိုပါတယ်
အဆိုပါ ကာလဟာ မိခင်နဲ့ကလေး တိုရဲ့ ရင်းနှီးမှုစတင်တိုးပွါးတဲ့ကာလဖြစ်ပြီး မိခင်အတွက်လည်း သေချာဂရုစိုက်သင့်တဲ့အချိန်ပဲဖြစ်ပါတယ်။
ကလေးမီးဖွားပြီး မိခင်တစ်ယောက်အနေနဲ့ နေ့စဉ်နေထိုင်စားသောက်မှု ပြုမှု မှု တွေကို ကလေး နဲ့အလိုက် ပြုပြင်နေထိုင်ရတာ မိခင်တိုင်း ဖြတ်ကျော်ရမယ့် စိန်ခေါ်မှုတစ်ခုပဲဖြစ်ပါတယ် ။ အထူးသဖြင့် သားဦးလေးမွေးထားတဲ့ မိခင်တွေမှာ အဆိုပါ စိန်ခေါ်မှုဟာ အရေးကြီးပါတယ် ။ ကလေးငယ်ကို ပြုစုစောင့်ရှောက်တာ အရေးကြီးသလိုပဲ မိခင်တွေဟာ မိမိကိုယ်တိုင်လည်း ဂရုစိုက် သင့်ပါတယ် ။
ကလေးငယ်အတွက် နိုတိုက်ချိန် သန့်ရှင်းရေးအချိန်တွေကြားမှာ မိခင်တွေဟာ စိတ်ရော လူပါ ပင်ပန်းလာနိုင်ပါတယ်
အဆိုပါ ပင်ပန်းလာနိုင်မှုတွေကို အတိုင်းအတာတခုအထိ လျော့ကျစေဖိုအတွက်ဆိုရင်
အိပ်ချိန်ရအောင်အိပ်ပါ။
ကလေးငယ်ကိုအကောင်းဆုံးပြုစု နိုင်ဖို မိခင်ကစ ကျန်းမာနေဖိုလိုအပ်ပါတယ်။
ကျန်းမာဖို့ဆိုတာမှာလည်း အိပ်ရေးကောင်းကောင်း ၀ဖို အိပ်စက်နိုင်ဖိုဆိုတာ တစ်ခုအပါအဝင်ပါ ။ ကလေးငယ်ရဲ့ အိပ်စက်ချိန်တွေနဲ့ ကိုက်ညှိပြီး မိခင်ပါ အိပ်ရေးဝဖိုလိုအပ်ပါတယ်။
အကူအညီတောင်းပါ။
မွေးဖွားပြီး အစမှာ ကလေးငယ်သည်အရေးကြီးသလို မိခင်ရဲ့ ကိုယ်ခန္ဓာပြန်လည် ကျန်းမာရေးကလည်း အရေးကြီးပါတယ်။
ဒါကြောင့် မွေးဖွားပြီးစမှာ မိမိကလေးငယ်ကို မိမိတစ်ဦးတည်း ပြုစုတာထက် အကူအညီရယူပြီး ပြုစုပေးတာက မိမိရဲ့ ကိုယ်ခန္ဓာပြန်လည် ကျန်းမာရေးကော မိမိကလေးငယ် ရဲ့ ကျန်းမာရေး အတွက်ပါ အကျိုးရရှိမှာ ပါ။
ကျန်းမာရေးနဲ့ကိုက်ညီတဲ့အစားအသောက် စားပါ။
အစားအသောက်သည်လည်း မိခင်ကျန်းမာရေးနဲ့ ကလေးသန်စွမ်းရေးအတွက် အထူးအရေးကြီးတဲ့နေရာကပါဝင်ပါတယ်။
အစားအသောက်ဆိုရာမှာလည်း ကျန်းမာရေးနဲ့မကိုက်ညီတဲ့အစားအသောက်များမှအပ အကုန်စားသုံးနိုင်ပါတယ် ဟင်းသီးဟင်းရွက် အသားငါး ပဲ ကြက်ဥ စတဲ့ အစာအာဟာရအုပ်စု အလိုက်စားသုံးနိုင်ပါတယ်။
မိမိကလေးငယ်ကိုတော့ မွေးကင်းစကနေ ၆ လအထိ မိခင်နိုတစ်မျိုးပဲတိုက်ကျွေးပါ ။
မွေးဖွားပြီးကာလမှာ မိခင်တွေအနေနဲ့ တစ်ခါတစ်ရံ စိတ်ဓာတ်ကျတာ စိတ်အလိုမကျတာ စိုးရိမ်ပူပန်မှုပိုများလာတာမျိုးဖြစ်တတ်ကြပါတယ်။ ဒါကလည်း မွေးဖွားပြီး ဟော်မုန်းပြောင်းလဲမှုတွေကြောင့် ဖြစ်ပါတယ်။ ဟော်မုန်းပြောင်းလဲမှုတွေကြောင့် ညအိပ်မပျော်တာ အကြောင်းအရင်းမရှိပဲ စိတ်ဓာတ်ကျလာတာ စိတ်အပြောင်းအလဲမြန်လာတာ စိတ်ဂနာမငြိမ်တာ စတာတိုဖြစ်လာနိုင်ပါတယ်။
အကယ်၍ ကလေးမီးဖွားပြီး ၂ ပတ်ကျော်ကြာတဲ့အထိ အပေါ်က လက္ခဏာတွေခံစားနေရသေးရင် နီးစပ်ရာ ဆရာဝန်နဲ့ တိုင်ပင်ပါ။
ကလေးမီးဖွားခြင်းဟာ မိခင်နဲ့မိသားစုဝင်တွေရဲ့ နေ့စဉ်နေထိုင်မှုတွေကို ပြောင်းလဲနိုင်စေပါတယ် ။ ဒါပေမယ့် အဆိုပါပြောင်းလဲမှုတွေကို အချိန်ကြာလာတာနဲ့အမျှ အကောင်းဆုံး ဆောင်ရွက်လာနိုင်မှာပါ။
မိမိရဲ့ကျန်းမာရေး မိမိကလေးငယ်ရဲ့ကျန်းမာရေးအတွက် သိချင်တာ စိုးရိမ်မိတာရှိသမျှကို နီးစပ်ရာဆရာဝန်နဲ့ တိုင်ပင်ပါ။
ကျန်းမာရေး အစီအစဉ်တွေကို သိရှိချင်လိုရင် AMC Teledoc ရဲ့ Facebook Page မှ တဆင့် အချိန်မရွေး စုံစမ်းမေးမြန်းနိုင်ပါတယ်။