ကိုယ်ဝန်ဆောင်မိခင်များ နှင့် ကိုယ်လက်လေ့ကျင့်ခန်းမျာ

Visuals (31)

🤰ကိုယ်ဝန်ဆောင်မိခင်များနှင့်ကိုယ်လက်လေ့ကျင့်ခန်းများ🤰

မိခင်များအတွက် ကိုယ်ဝန်ဆောင်ကာလမှာ စိတ်ကျန်းမာဖိုသာမက ခန္ဓာကိုယ်ကျန်းမာစေဖိုဟာလည်း အရေးကြီးပါတယ်။ကိုယ်လက်လေ့ကျင့်ခန်းကိုပုံမှန်ပြုလုပ်နေကျ မေမေတိုအတွက် ကွာခြားမှုသိပ်မရှိပေမယ့် ပုံမှန်ပြုလုပ်နေကျမဟုတ်ရင် ကြွက်သားနာကျင်တာ၊ ခန္ဓာကိုယ်လေးလံတာ မျိုးခံစားရနိုင်ပါတယ်။👩‍⚕️

🤰ဘယ်လိုအားကစား လေ့ကျင့်ခန်းတွေဟာ ကိုယ်ဝန်ဆောင်မိခင်တိုအတွက် အန္တရာယ်ကင်းစေပါသလဲ?🤰

✅လမ်းလျှောက်ခြင်း

လမ်းကို ခပ်သွက်သွက်ကလေးလျှောက်ပေးတာဟာ အရိုးနှင့်ကြွက်သားများနာကျင်ခြင်းကိုကာကွယ်ပေးပါတယ်။ကိုယ်ဝန်ဆောင်မိခင်ဟာ ကိုယ်လက်လှုပ်ရှားမှုကိုပုံမှန်ပြုလုပ်နေကျမရှိရင်ယခုလို လမ်းလျှောက်ပေးခြင်းကို ပြုလုပ်သင့်ပါတယ်။🚶‍♀️

✅ရေကူးခြင်းနှင့်ရေထဲတွင်ဆော့ကစားနိုင်သော လေ့ကျင့်ခန်းများပြုလုပ်ခြင်း

ရေရဲ့ဂုဏ်သတ္တိကြောင့် ဗိုက်ထဲရှိ ကလေးရဲ့အလေးချိန်ကိုအထောက်အပံ့ပေးနိုင်ပြီးရေထဲတွင်ကူးခတ်ခြင်းဟာ နှလုံးကျန်းမာရေးကိုကောင်းမွန်စေပါတယ်။ အခြားလေ့ကျင့်ခန်းတွေကိုပြုလုပ်တဲ့အခါ ခါးနာခြင်းကို ခံစားရပါက ရေကူးခြင်းကိုရွေးချယ်နိုင်ပါတယ်။🏊‍♀️

✅Stationary bike စီးခြင်း

ပုံမှန်စက်ဘီးကိုစီးခြင်းထက် အားကစားပြုလုပ်တဲ့အခါ စီးတဲ့ stationary bike ဟာ လိမ့်ကျ၊ချော်ကျခြင်းကိုအဖြစ်နည်းစေပါတယ်။ ကိုယ်ဝန်အရွယ်အစားကြီးလာတဲ့အခါမှာတောင် စီးလိုရတဲ့အတွက် အန္တရာယ်ကင်းတဲ့ လေ့ကျင့်ခန်းပြုလုပ်ခြင်းဖြစ်ပါတယ်။🚴‍♀️

✅ယောဂနှင့် pilates ကစားခြင်း

ကိုယ်ဝန်ဆောင်မိခင်များအနေနှင့်သွေးလှည့်ပတ်မှုကောင်းအောင် ယောဂကစားခြင်းနှင့် pilates ကစားခြင်းကိုလုပ်ဆောင်သင့်ပါတယ်။🧘‍♀️

✅ပြင်းထန်မှုမရှိတဲ့အေရိုးဗစ်ကစားနည်းများကိုကစားခြင်း

ကြွက်သားနှင့်အရိုးများကြံ့ခိုင်ရေးအတွက် လေ့ကျင့်ခန်းများကိုပြုလုပ်ပေးသင့်ပါတယ်။👩‍⚕️

အကယ်၍ အောက်ပါ လက္ခဏာများကို ခံစားရပါက ကျွမ်းကျင်တဲ့ဆရာဝန်များနှင့်တိုင်ပင်၍ ကုသမှုကို ခံယူဖိုလိုအပ်ပါတယ်။👩‍⚕️

❗️မိန်းမကိုယ်မှ ပုံမှန်မဟုတ်ပဲ သွေးဆင်းတာ

❗️ရင်ဘတ်အောင့်တာ၊အသက်ရှူရအလွန်ခက်ခဲတာ

❗️နှလုံးခုန်နှုန်းအလွန်မြန်လာတာ

❗️မူးဝေပြီးသတိလစ်အထိဖြစ်တာ

❗️ခေါင်းကိုက်တာ

❗️ကြွက်သားအလွန်အမင်းနာကျင်တာ

❗️လမ်းလျှောက်ရခက်တာ

❗️ခြေထောက်အောက်ပိုင်းမှာနာကျင်တာ၊ ဖောပြီးရောင်လာတာ တိုကိုသတိပြုပေးဖိုလိုအပ်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်များရဲ့ ကျန်းမာရေး နဲ့ ပတ်သက်ပြီး ဆရာဝန် နဲ့ ဆွေးနွေးချင်လို ဖြစ်ဖြစ်၊ ကျန်းမာရေး ဆောင်းပါးတွေ ဖတ်ရှူချင်လိုပဲ ဖြစ်ဖြစ်ကျန်းမာရေး အစီအစဉ်တွေကို သိရှိချင်လိုရင် AMC Teledoc ရဲ့ Facebook Page မှ တဆင့် အချိန်မရွေး စုံစမ်းမေးမြန်းနိုင်ပါတယ်။

😍
⬇️

 Share with

Related posts

More in “News

ရာသီလာစဉ်အတွင်း ဂရုစိုက်သင့်တဲ့အမျိုးသမီးကျန်းမာရေ

🗓ရာသီလာစဉ်အတွင်း ဂရုစိုက်သင့်တဲ့အမျိုးသမီးကျန်းမာရေး🩸 👩‍⚕️အမျိုးသမီးတိုင်းလစဉ်ကြုံတွေ့နေရတဲ့ ဓမ္မတာစက်ဝန်းအတွင်းမှာ မိမိကိုယ်ကို သေချာဂရုစိုက်ပေးဖိုက အမျိုးသမီးတွေအတွက် လုပ်ဆောင်သင့်တဲ့ကျန်းမာရေးပဲဖြစ်ပါတယ်။

လည်ချောင်းနာခြင်းအကြောင်း

😷လည်ချောင်းနာခြင်းအကြောင်း 😷 🤔 လည်ချောင်းနာတယ်ဆိုတာ ဘာလည်း?🤔 လည်ချောင်းနာတယ်ဆိုတာ လည်ချောင်းတွင်းမှာ ယားမယ်

အဆုတ်ကင်ဆာရောဂါ

🫁Lung Cancer(အဆုတ်ကင်ဆာရောဂါ)🫁 အဆုတ်ကင်ဆာ ရောဂါ ဆိုတာ တကမ္ဘာလုံးမှာအဖြစ်အများဆုံးကင်ဆာတွေမှာ ဒုတိယအနေနဲ့လိုက်ပါတယ်။ဆေးလိပ်သောက်ခြင်းကအဆုတ်ကင်ဆာကို အဓိကဖြစ်စေတဲ့အကြောင်းအရင်းဖြစ်ပေမယ့်

ပိုးသတ်ဆေးယဉ်ပါးခြင်းအန္တရယ်

💊 ပိုးသတ်ဆေးယဉ်ပါးခြင်းအန္တာရယ်💊 💊 ပိုးသတ်ဆေးဆိုတာဘာလည်း? ဆေးယဉ်ပါးခြင်းဆိုတာဘာလည်း?🛡 💊 ပိုးသတ်ဆေးဆိုတာ လူ့ခန္ဓာကိုယ်ထဲကိုဝင်လာတဲ့