အိပ်ရေးပျက်ခြင်းကြောင့်ရလာမယ့် ဆိုးကျိုးများ

Lack of Sleep

😴 အိပ်ရေးပျက်ခြင်းကြောင့်ရလာမယ့် ဆိုးကျိုးများ 🥱

ညဘက်ဆို အိပ်မပျော်နိုင်ပဲ အိပ်ရာထဲ ဟိုဘက်လှိမ့်လိုက် ဒီဘက်လှိမ့်လိုက်ဖြစ်နေမယ် ဆိုရင် နောက်နေ့မှာ ပင်ပန်းပြီးမလန်းမဆန်းဖြစ်တော့မယ်ဆိုတာ သင်သိနေပါပြီ။လူတယောက်ရဲ့အိပ်ချိန်ဟာ အနည်းဆုံး ၇နာရီကနေ ၉နာရီ ကြားရှိသင့်ပါတယ်။ အိပ်ချိန်ပြည့်ဝတဲ့သူတွေဟာ အလုပ်လုပ်တဲ့အခါ၊စာလေ့လာတဲ့အခါ အိပ်ရေးပျက်ထားတဲ့သူတွေထက် စွမ်းအင်ပိုပြည့်ဝလေ့ရှိကြပါတယ်။ အိပ်ရေးပျက်ခြင်းဟာမကြာခဏဖြစ်နေမယ်ဆိုရင်တော့ ရုပ်ပိုင်းဆိုင်ရာသာမကစိတ်ပိုင်းဆိုင်ရာပါ ထိခိုက်မှုတွေဖြစ်ပေါ်လာပြီးခန္ဓာကိုယ်ရဲ့ခုခံအားစနစ်ပျက်ယွင်းနိုင်တယ်လို့ ပညာရှင်များကဆိုပါတယ်။

ပုံမှန် အိပ်ရေး၀၀ အိပ်တဲ့ သူတွေမှာဆိုရင် Melatonin လို့ခေါ်တဲ့ မနက်နဲ့ ညကို ခွဲခြားပေးတဲ့ Hormone ကလည်း အလုံအလောက်ရှိနေပါသေးတယ်။ ညဘက် TV၊ computer ၊ ဖုန်း screen ကို အကြည့်များတဲ့သူတွေက တော့ Melatonin ပမာဏက ရှိသင့်တာထပ် ပိုနည်းလာပြီး အိပ်လို့ မရတာမျိုးတွေဖြစ်လာပါတော့တယ်။

🧠 အာရုံကြောစနစ်ထိခိုက်ခြင်း

ခန္ဓာကိုယ်ရဲ့လှုပ်ရှားမှုကိုအဓိကထိန်းချုပ်ထားတာကအာရုံကြောစနစ်ပါ။အာရုံကြောကောင်းမွန်စွာအလုပ်လုပ်နိုင်ဖို့အတွက်အိပ်ချိန်ပြည့်ဝရန်အရေးကြီးပါတယ်။အိပ်နေစဉ်မှာမှတ်ဥာဏ်အတွက်လိုအပ်တဲ့အာရုံကြောဆဲလ်လေးတွေဟာအလုပ်လုပ်ကြပါတယ်။အိပ်ရေးပျက်တာကြာလာတဲ့အခါအာရုံစူးစိုက်မှုကိုလျော့ကျစေပြီးလေ့လာသင်ယူနိုင်စွမ်းကိုထိခိုက်စေပါတယ်။

ဒါ့အပြင်စိတ်တို၊ဒေါသထွက်လွယ်လာပြီးစိတ်ဖိစီးမှုကိုလည်းများစေတဲ့အတွက်လုပ်ငန်းခွင်မှာပြဿနာများဖြစ်ပေါ်တတ်ပါတယ်။ရေရှည်ဖြစ်လာတဲ့အခါစိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဖြစ်တဲ့စိတ်လှုပ်ရှားလွယ်တာ၊စိတ်ဓာတ်ကျလွယ်တာ၊မိမိကိုယ်ကိုထိခိုက်အောင်လုပ်တာတွေဖြစ်လာတတ်ပါတယ်။

🥱 အိပ်ရေးပျက်ခြင်းနှင့်ခုခံအားစနစ်

အိပ်ပျော်နေစဉ်လူ့ခန္ဓာကိုယ်ဟာရောဂါပိုးမွှားနှင့်ပြင်ပမှဝင်ရောက်လာနိုင်တဲ့ပစ္စည်းတွေကိုကာကွယ်ဖို့ခုခံအားစနစ်ကိုတည်ဆောက်ပါတယ်။အိပ်ရေးပျက်ခြင်းကြောင့် cytokine လို့ခေါ်တဲ့ခုခံအားစနစ်ကိုကောင်းမွန်စေတဲ့ပစ္စည်းထုတ်လုပ်မှုကိုလျော့ကျစေတယ်။ အိပ်ရေးမဝတာ ကြာတဲ့အခါမှာ ခုခံအားစနစ်ကျဆင်းပြီးရောဂါပိုးအလွယ်တကူဝင်ရောက်နိုင်တဲ့အတွက် ဖျားနာတာ၊နေမကောင်းတာဖြစ်လွယ်ပါတယ်။ဒါတင်မကသေးပါဘူး။အချိန်အတော်ကြာအိပ်ရေးပျက်ခြင်းဟာ ဆီးချိုရောဂါ ၊နှလုံးရောဂါဖြစ်ပွါးမှုနဲ့လည်းဆက်စပ်နေပါသေးတယ်။

🫁 အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်ပွါးနှုန်း

(Obstructive sleep apnoea)အိပ်နေစဉ်အသက်ရှူရပ်ရပ်သွားတဲ့ရောဂါဟာအိပ်စက်ခြင်းကိုအနှောင့်အယှက်ဖြစ်စေပြီးအိပ်ရေးမဝခြင်းကိုဖြစ်စေတဲ့အတွက် အအေးမိလွယ်တာ၊ရာသီတုပ်ကွေးမိတာတွေဖြစ်စေတတ်ပါတယ်။ဒါ့အပြင်နာတာရှည်အဆုတ်ရောဂါကိုလဲပိုဆိုးစေတတ်ပါတယ်။

🫀 အိပ်ရေးပျက်ခြင်းကနှလုံးအပေါ်သက်ရောက်မှုရှိသလား?

အိပ်စက်ခြင်းကနှလုံးနှင့်နှလုံးသွေးကြော၊သွေးတွင်းသကြားဓာတ်၊သွေးပေါင်အတက်အကျ၊နှလုံးရောင်ရမ်းခြင်းနှင့်ဆက်စပ်မှုရှိပါတယ်။ အိပ်ရေးမဝဘူးဆိုရင်နှလုံးသွေးကြောကျဉ်းရောဂါနှင့်ရုတ်တရက်နှလုံးတိုက်ခိုက်ခံရခြင်း၊လေဖြတ်ရောဂါဖြစ်ပွါးနှုန်းကိုမြင့်တက်စေပါတယ်။

💊 အစာခြေစနစ်

အစာခြေစနစ်ကိုထိန်းချုပ်ပေးထားတဲ့Leptin,Ghrelin ဟော်မုန်းတွေထုတ်လုပ်မှုအပေါ်အိပ်စက်ခြင်းဟာအကျိုးသက်ရောက်မှုရှိပါတယ်။ Leptinက ပြည့်အင့်စိတ်ကိုဖြစ်စေတယ်။အိပ်ရေးပျက်တဲ့အခါ Leptinထုတ်လုပ်မှုလျော့နည်းပြီးGhrelinကိုပိုထုတ်ပေးတဲ့အတွက်ညဘက်မအိပ်တဲ့သူတွေက အစားပိုစားမိကြပါတယ်။ အိပ်ရေးပျက်ရင် အင်ဆူလင်ဟော်မုန်းလည်းပိုထွက်ပါတယ်။အင်ဆူလင်များလာတဲ့အခါအဆီသိုလှောင်မှုပိုများလာပြီး အမျိုးအစား ၂ ဆီးချိုရောဂါ ဖြစ်နိုင်ချေကိုမြင့်တက်စေပါတယ်။

🧬 ဟော်မုန်းထုတ်လုပ်မှု

ဟော်မုန်းထုတ်လုပ်နိုင်စွမ်းကလည်း အိပ်စက်ခြင်းနှင့်ဆက်စပ်နေပါတယ်။တက်စထရိုစတီရုန်းဟော်မုန်းထုတ်နိုင်ဖို့အတွက် အနည်းဆုံးအနေနှင့် ၃နာရီဆက်တိုက် အိပ်ဖို့လိုအပ်ပါတယ်။ အိပ်ရေးပျက်ပြီး ခဏခဏ ထနေရရင် ဟော်မုန်းထုတ်လုပ်မှုကိုပျက်ယွင်းစေပါတယ်။ အိပ်စက်ခြင်းဟာကလေးတွေအတွက် လိုအပ်တဲ့ကြီးထွားဟော်မုန်းထုတ်လုပ်မှုအပေါ်လဲသက်ရောက်မှုရှိပါတယ်။ ကြွက်သားထုထည်တည်ဆောက်ဖို့နှင့်ဆဲလ်၊တစ်သျှူးတွေအသစ်ပြန်ဖြစ်ဖို့အတွက်ကြီးထွားဟော်မုန်းကအဓိကပြုလုပ်ပေးတာပါ။ အိပ်ချိန်မပြည့်တဲ့ ကလေး၊လူငယ်တွေဟာ အခြားသူတွေထက် ကိုယ်လုံးပိုသေး၊ပိုညှက်၊ထိခိုက် ဒဏ်ရာရလွယ်တာမျိုးတွေဖြစ်တတ်ပါတယ်။ ဦးနှောက်ရဲ့Pituitary glandက ဟော်မုန်းကိုတနေ့လုံးနီးပါးထုတ်ပေးပေမယ့် အိပ်စက်ခြင်းဟာလည်းဟော်မုန်းထုတ်လုပ်ဖို့အတွက်အဓိကကျတဲ့အခန်းကဏ္ဍကပါဝင်နေပါတယ်။

အိပ်ရေးပျက်တာနှင့် ပတ်သက်ပြီး ဆရာဝန်နဲ့ ဆွေးနွေးမေးမြန်းချင်လိုပဲဖြစ်ဖြစ်၊ ကျန်းမာရေးစောင့်ရှောက်မှု မန်ဘာအစီအစဥ်နဲ့ AMC TeleDocရဲ့ ဝန်ဆောင်မှုများအကြောင်းကို အသေးစိတ်သိရှိလိုပါက AMC TeleDoc Facebook Page ကနေတဆင့်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။❤️

 Share with

Related posts

More in “Health tips

ရာသီလာစဉ်အတွင်း ဂရုစိုက်သင့်တဲ့အမျိုးသမီးကျန်းမာရေ

🗓ရာသီလာစဉ်အတွင်း ဂရုစိုက်သင့်တဲ့အမျိုးသမီးကျန်းမာရေး🩸 👩‍⚕️အမျိုးသမီးတိုင်းလစဉ်ကြုံတွေ့နေရတဲ့ ဓမ္မတာစက်ဝန်းအတွင်းမှာ မိမိကိုယ်ကို သေချာဂရုစိုက်ပေးဖိုက အမျိုးသမီးတွေအတွက် လုပ်ဆောင်သင့်တဲ့ကျန်းမာရေးပဲဖြစ်ပါတယ်။

လည်ချောင်းနာခြင်းအကြောင်း

😷လည်ချောင်းနာခြင်းအကြောင်း 😷 🤔 လည်ချောင်းနာတယ်ဆိုတာ ဘာလည်း?🤔 လည်ချောင်းနာတယ်ဆိုတာ လည်ချောင်းတွင်းမှာ ယားမယ်

အဆုတ်ကင်ဆာရောဂါ

🫁Lung Cancer(အဆုတ်ကင်ဆာရောဂါ)🫁 အဆုတ်ကင်ဆာ ရောဂါ ဆိုတာ တကမ္ဘာလုံးမှာအဖြစ်အများဆုံးကင်ဆာတွေမှာ ဒုတိယအနေနဲ့လိုက်ပါတယ်။ဆေးလိပ်သောက်ခြင်းကအဆုတ်ကင်ဆာကို အဓိကဖြစ်စေတဲ့အကြောင်းအရင်းဖြစ်ပေမယ့်

ပိုးသတ်ဆေးယဉ်ပါးခြင်းအန္တရယ်

💊 ပိုးသတ်ဆေးယဉ်ပါးခြင်းအန္တာရယ်💊 💊 ပိုးသတ်ဆေးဆိုတာဘာလည်း? ဆေးယဉ်ပါးခြင်းဆိုတာဘာလည်း?🛡 💊 ပိုးသတ်ဆေးဆိုတာ လူ့ခန္ဓာကိုယ်ထဲကိုဝင်လာတဲ့