ရာသီတုပ်ကွေး

Seasonal Flu

🤧ရာသီတုပ်ကွေး ( Seasonal Flu )🤧

🦠ရာသီတုပ်ကွေးဆိုတာဘယ်လိုတုပ်ကွေးမျိုးကိုခေါ်တာလည်း ?🦠

ရာသီတုပ်ကွေးဆိုတာ နာမည်နဲ့အညီ ရာသီနဲ့လိုက်ပြီးဖြစ်တတ်တဲ့ တုပ်ကွေး ဖျားနာခြင်းတစ်မျိုးပါ။ မြန်မာနိုင်ငံမှာတော့ ရာသီတုပ်ကွေးဆိုတာနဲ့ မိုးရာသီနဲ့တွဲမြင်တဲ့အထိကို မိုးရာသီအကြိုမှာနဲ့ မိုးရာသီအတွင်းမှာ အဖြစ်များကြပါတယ်။ 🇲🇲

🧑‍⚕️ရာသီတုပ်ကွေးလိုဘယ်လိုခွဲခြားနိုင်သလည်း?🧑‍⚕️

ရာသီတုပ်ကွေးဆိုတာ စိုစွတ်တဲ့ရာသီမှာဖြစ်လေ့ရှိတဲ့ လေကတဆင့်ကူးစက်နိုင်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ တုပ်ကွေးရောဂါပါ ။ Influenza viruses လိုခေါ်တဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်စေတာပါ ။🦠

🦠ရာသီတုပ်ကွေးနဲ့ကိုဗစ်စ် 19 ရောဂါနဲ့ဘာတွေကွာသလည်း?🦠

တူညီတာကတော့ နှစ်မျိုးလုံးဟာ အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာမှာဖြစ်တတ်တဲ့ရောဂါတွေပဲဖြစ်ကြပါတယ်။ မတူညီကြတာတွေကတော့ ကိုဗစ်-၁၉ ရောဂါဟာ coronavirus ကြောင့်ဖြစ်ရတာဖြစ်ပြီး seasonal flu ရာသီတုပ်ကွေးကတော့ influenza viruses ကြောင့်ဖြစ်ရတာပါ။ကူးစက်မှုနှုန်းကတော့ ကိုဗစ်-၁၉ ကပိုမြန်ပါတယ်။ ဒါပေမယ့် ရောဂါလက္ခဏာပြဖိုတော့ အချိန်ပိုကြာတတ်ပါတယ်။ ရာသီတုပ်ကွေးနဲ့ယှဉ်ရင် ဖြစ်တတ်တဲ့ရောဂါလက္ခဏာတွေက ဆင်တူတတ်တာမို သေချာစမ်းသပ်ပြီးကုသဖိုတော့လိုအပ်ပါတယ်။ 🧑‍⚕️

🤧ရာသီတုပ်ကွေးဆိုဘယ်လို လက္ခဏာတွေ ပြတတ် ခံစားတတ်ရလည်း?🤧

ရာသီတုပ်ကွေးဖြစ်ရင် များသောအားဖြင့် ဖျားခြင်း ၊ ချောင်းခြောက်ဆိုးခြင်း ၊ ခေါင်းကိုက်ခြင်း ၊ ကိုယ်လက် အရိုးအဆစ် ကြွက်သားများ နာကျင်ခြင်း ၊ နှုးခြင်း ၊ လည်ပင်းနာခြင်း ၊ နာမွှန် နှာရည်ကျခြင်း စတာတွေခံစားရလေ့ရှိကြပါတယ်။ လူငယ် လူလတ်အရွယ် နဲ့ နဂိုရှိရင်းစွဲရောဂါအခံ ( သွေးတိုးရောဂါ ဆီးချိူရောဂါ နှလုံးရောဂါ အဝလွန်ရောဂါ ) စတဲ့ရောဂါအခံမရှိတဲ့သူတွေမှာတော့ ရောဂါလက္ခဏာခံစားရတာတွေက မစိုးရိမ်ရပါဘူး ။ များသောအားဖြင့် သူ့အလိုလို သက်သာကြလေ့ရှိပါတယ်။ ဖျားရင်ပိုးသတ်ဆေးတွေ စသောက်မယ့်အစား ကိုယ်ခံအားကောင်းအောင် စားသောက် အနားယူတာပိုထိရောက်ပါတယ် ( ပိုးသတ်ဆေးဆိုတာ virus ပိုးကိုသတ်တဲ့ဆေးမဟုတ်တော့ရောဂါအတွက် အဓိကသောက်ရမယ့်ဆေး မဟုတ်ပါဘူး ) ပိုးသတ်ဆေးသောက်ရ မသောက်ရ ကို မိမိကိုယ်တိုင်မဆုံးဖြတ်ပဲ ဆရာဝန်နဲ့တိုင်ပင် ရပါမယ်။ 🧑‍⚕️📱

🧑‍⚕️ဘယ်လိုကုသရမလည်း ? မိမိကိုယ်တိုင်ကုသလိုရလား?🩺

အဓိက က virus ပိုးကြောင့်ဖြစ်တာဆိုတော့ ကိုယ်ခန္ဓာခုခံအားကိုပဲ အားကိုးရမှာပါ။ကိုယ်ခံအားကောင်းအောင် အာဟာရရှိတာစားတာ အိပ်ချိန်မှန်အောင်အိပ်တာ စတာတွေ လုပ်ပေးရင် ကိုယ်ခံအားကောင်းပြီး ရောဂါကို အမြန်သက်သာစေပါတယ်။ သောက်ဆေးကတော့ နီးစပ်ရာ ဆရာဝန်နဲ့တိုင်ပင်ပြီးသောက်ပါ။🧑‍⚕️🩺

💉ကာကွယ်ဆေးကိုဘယ်သူတွေမှာထိုးရမလည်း?💉

✔️ကာကွယ်ဆေးကို ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ

✔️ကလေးငယ် ( ၆ လ – ၅ နှစ် )

✔️အသက်ကြီးသူတွေ ( ၆၅ နှစ်အထက် )

✔️နာတာရှည် ရောဂါအခံရှိသူတွေ

✔️ကျန်းမာရေးဝန်ထမ်းတွေ စတဲ့သူတွေထိုးသင့်ကြောင်းကို WHO က recommend ပေးထားပါတယ်။ 🧑‍⚕️

😷ဘယ်လို ကာကွယ်နိုင်မလည်း ?😷

လက်ကိုပုံမှန်နဲ့ခဏ ခဏ ဆေးပါ

နှာမွှန် ချောင်းဆိုးရင် ပါးစပ်နဲ့ နှာခေါင်းကိုကာကွယ်တာ၊

လူထူထပ်တဲ့နေရာတွေသွားရင် ပါးစပ်နဲ့ နှာခေါင်းကိုကာကွယ်တာ

လက်ကို အမြဲသန့်ရှင်းပြီးမှ နှာခေါင်း ပါးစပ် ကိုထိတာ၊

ကာကွယ်ဆေးထိုးလိုရရင် ထိုးထားတာ စတာတွေနဲ့ကာကွယ်လိုရပါတယ် ။ ❤️

ရာသီတုပ်ကွေးနဲ့ မေးမြန်းချင်လိုပဲဖြစ်ဖြစ်၊ ကျန်းမာရေးစောင့်ရှောက်မှု မန်ဘာအစီအစဥ်နဲ့ AMC TeleDocရဲ့ ဝန်ဆောင်မှုများအကြောင်းကို အသေးစိတ်သိရှိလိုပါက AMC TeleDoc Facebook Page ကနေတဆင့်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။❤️ 

 Share with

Related posts

More in “Health tips

ရာသီလာစဉ်အတွင်း ဂရုစိုက်သင့်တဲ့အမျိုးသမီးကျန်းမာရေ

🗓ရာသီလာစဉ်အတွင်း ဂရုစိုက်သင့်တဲ့အမျိုးသမီးကျန်းမာရေး🩸 👩‍⚕️အမျိုးသမီးတိုင်းလစဉ်ကြုံတွေ့နေရတဲ့ ဓမ္မတာစက်ဝန်းအတွင်းမှာ မိမိကိုယ်ကို သေချာဂရုစိုက်ပေးဖိုက အမျိုးသမီးတွေအတွက် လုပ်ဆောင်သင့်တဲ့ကျန်းမာရေးပဲဖြစ်ပါတယ်။

လည်ချောင်းနာခြင်းအကြောင်း

😷လည်ချောင်းနာခြင်းအကြောင်း 😷 🤔 လည်ချောင်းနာတယ်ဆိုတာ ဘာလည်း?🤔 လည်ချောင်းနာတယ်ဆိုတာ လည်ချောင်းတွင်းမှာ ယားမယ်

အဆုတ်ကင်ဆာရောဂါ

🫁Lung Cancer(အဆုတ်ကင်ဆာရောဂါ)🫁 အဆုတ်ကင်ဆာ ရောဂါ ဆိုတာ တကမ္ဘာလုံးမှာအဖြစ်အများဆုံးကင်ဆာတွေမှာ ဒုတိယအနေနဲ့လိုက်ပါတယ်။ဆေးလိပ်သောက်ခြင်းကအဆုတ်ကင်ဆာကို အဓိကဖြစ်စေတဲ့အကြောင်းအရင်းဖြစ်ပေမယ့်

ပိုးသတ်ဆေးယဉ်ပါးခြင်းအန္တရယ်

💊 ပိုးသတ်ဆေးယဉ်ပါးခြင်းအန္တာရယ်💊 💊 ပိုးသတ်ဆေးဆိုတာဘာလည်း? ဆေးယဉ်ပါးခြင်းဆိုတာဘာလည်း?🛡 💊 ပိုးသတ်ဆေးဆိုတာ လူ့ခန္ဓာကိုယ်ထဲကိုဝင်လာတဲ့