ရင်သားတွေတင်းပြီး နာတာက ဘာကြောင့် ဖြစ်တတ်တာလဲ?

Mastalgia

💢ရင်သားတွေတင်းပြီး နာတာက ဘာကြောင့် ဖြစ်တတ်တာလဲ?💢

“Mastalgia” လိုခေါ်တဲ့ ရင်တာတွေတင်းပြီး နာတာက ဓမ္မတာစက်ဝန်းနဲ့ ပတ်သက်မှု ရှိနိုင်သလို (cyclic) ပတ်သက်မှုမရှိပဲ နာတာလည်း (non-cyclic) လည်း ဖြစ်နိုင်ပါတယ် ။ အများအားဖြင့်တော့ ဟော်မုန်းတွေ အတက်အကျဖြစ်တဲ့အခါ မှာ အဖြစ်များပါတယ် ။😷

💢ဟော်မုန်း အပြောင်းအလဲ (Hormonal changes) ကြောင့် ရင်သားနာခြင်း

ဓမ္မတာစက်ဝန်းရဲ့ ပထမပိုင်းဖြစ်တဲ့ သားဥမကြွေခင် (before ovulation) မှာ ခန္ဓာကိုယ်က အီစထရိုဂျင် (Estrogen) ဆိုတဲ့ ဟော်မုန်း အများအပြားထွက်လေ့ရှိတယ်။ အီစထရိုဂျင်ဟာ ရင်သားမှာရှိတဲ့ နိုပြွန်လေးတွေကို ကျယ်စေပါတယ် ။ သားဥကြွေပြီးနောက် ဓမ္မတာစက်ဝန်းရဲ့ ဒုတိယအပိုင်း ရောက်ရင်တော့ ပရိုဂျက်စ်ထရုန်း (Progesterone) ဆိုတဲ့ ဟော်မုန်းက အများအပြားထွက်လာပြီး နိုရည်ထုတ်တဲ့ ပြွန်တွေ lobule တွေကို အရေအတွက်လည်း များလာစေသလို ရင့်ကျက်လာအောင်လည်း လှုဆော်ပေးတာကြောင့် ရင်သားအတွင်းမှာရှိတဲ့ နိုရည်ထုတ်တဲ့ ဂလင်းတွေကို (Mammary glands) ရောင်ရမ်းလာစေပါတယ် ။ ဒီလိုယောင်ယမ်းပြီးတင်းလာတဲ့အခါ ရင်သားမှာရှိတဲ့ အာရုံကြောလေးတွေကို ဖိမိသလိုဖြစ်တာကြောင့် ရင်သား နာလာရခြင်းဖြစ်တယ် ။ ဟော်မုန်းပါတဲ့ သန္ဓေတားဆေးတွေသည်လည်း ‌ဒီ ဟော်မုန်းဖြစ်စဉ်‌တွေအပေါ် အကျိုးသက်ရောက်မှု ရှိတာကြောင့် ရင်သားနာခြင်းကို အနည်းနဲ့အများ ဖြစ်စေနိုင်ပါတယ် ။🥺

ပရိုလက်တင် (Prolactin) ဟော်မုန်းသည်လည်း နိုပြွန်တွေရဲ့ ကြီးထွားမှုကို ဖြစ်စေပြီး နိုရည်လည်း ထွက်စေတာကြောင့် Prolactin ပမာဏများတဲ့ အချိန်များ (ကိုယ်ဝန်‌ဆောင်ချိန်ကာလ နှင့် က‌‌လေး‌နိုတိုက်ချိန်ကာလ) မှာလည်း ရင်သား နာခြင်းကို ဖြစ်စေတတ်တယ် ။ Prolactin ဟာ စိတ်ဖိစီးမှု (Stress) များတဲ့အခါမှာလည်း ပမာဏများလာတတ်တာကြောင့် ဓမ္မတာစက်ဝန်းရဲ့ ဒုတိယအပိုင်းမှာ ရင်သားနာခြင်းကို ဖြစ်စေခြင်း သိုမဟုတ် ပိုမို ပြင်းထန်စေခြင်းမျိုး ဖြစ်တတ်ပါတယ် ။😢

💢ရင်သားတင်းခြင်းနာခြင်းကိုဖြစ်စေသော အခြားအကြောင်းအရာများ😱

တစ်ခါတစ်ရံမှာတော့ မိန်းကလေးတစ်ယောက်ဟာ ဓမ္မတာစက်ဝန်းနဲ့ မဆိုင်ပဲ ရင်သားနာတာလည်း ဖြစ်တတ်ပါတယ် ။ ဒီနေရာမှာ သိထားရမှာက ရင်သားနာခြင်းအများစုက ရင်သားကင်ဆာ သိုမဟုတ် ရောဂါအခံတစ်ခုခု ရှိတာကြောင့် ဖြစ်ခြင်း မဟုတ်ဘူးဆိုတာပါပဲ ။ Non-cyclic ရင်သားနာခြင်းရဲ့ အကြောင်းအရင်း‌တွေက ရင်သားကိုထိခိုက်မှုဖြစ်ချင်း ၊ အရမ်းကြပ်တဲ့ အတွင်းခံ bra တွေ ဝတ်ခြင်း ၊ ကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်းထန်ထန်လုပ်ပြီး တဲ့အခါ ရင်ဘက်ကြွက်သား ၊ အဆစ် နဲ့ ကျောရိုးတွေ တောင့်တင်းခြင်းတို နဲ့ အများဆုံး ဆက်နွယ်ပြီး ဖြစ်လေ့ရှိပါတယ်။😯

ရင်သားကျန်းမာရေးနှင့် ပတ်သက်ပြီး ဆရာဝန်များနဲ့ဆွေးနွေးမေးမြန်းချင်လိုပဲဖြစ်ဖြစ်၊ ကျန်းမာရေးစောင့်ရှောက်မှု မန်ဘာအစီအစဥ်နဲ့ AMC TeleDocရဲ့ ဝန်ဆောင်မှုများအကြောင်းကို အသေးစိတ်သိရှိလိုပါက AMC TeleDoc Facebook Page ကနေတဆင့်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။❤️ 

 Share with

Related posts

More in “Health tips

ရာသီလာစဉ်အတွင်း ဂရုစိုက်သင့်တဲ့အမျိုးသမီးကျန်းမာရေ

🗓ရာသီလာစဉ်အတွင်း ဂရုစိုက်သင့်တဲ့အမျိုးသမီးကျန်းမာရေး🩸 👩‍⚕️အမျိုးသမီးတိုင်းလစဉ်ကြုံတွေ့နေရတဲ့ ဓမ္မတာစက်ဝန်းအတွင်းမှာ မိမိကိုယ်ကို သေချာဂရုစိုက်ပေးဖိုက အမျိုးသမီးတွေအတွက် လုပ်ဆောင်သင့်တဲ့ကျန်းမာရေးပဲဖြစ်ပါတယ်။

လည်ချောင်းနာခြင်းအကြောင်း

😷လည်ချောင်းနာခြင်းအကြောင်း 😷 🤔 လည်ချောင်းနာတယ်ဆိုတာ ဘာလည်း?🤔 လည်ချောင်းနာတယ်ဆိုတာ လည်ချောင်းတွင်းမှာ ယားမယ်

အဆုတ်ကင်ဆာရောဂါ

🫁Lung Cancer(အဆုတ်ကင်ဆာရောဂါ)🫁 အဆုတ်ကင်ဆာ ရောဂါ ဆိုတာ တကမ္ဘာလုံးမှာအဖြစ်အများဆုံးကင်ဆာတွေမှာ ဒုတိယအနေနဲ့လိုက်ပါတယ်။ဆေးလိပ်သောက်ခြင်းကအဆုတ်ကင်ဆာကို အဓိကဖြစ်စေတဲ့အကြောင်းအရင်းဖြစ်ပေမယ့်

ပိုးသတ်ဆေးယဉ်ပါးခြင်းအန္တရယ်

💊 ပိုးသတ်ဆေးယဉ်ပါးခြင်းအန္တာရယ်💊 💊 ပိုးသတ်ဆေးဆိုတာဘာလည်း? ဆေးယဉ်ပါးခြင်းဆိုတာဘာလည်း?🛡 💊 ပိုးသတ်ဆေးဆိုတာ လူ့ခန္ဓာကိုယ်ထဲကိုဝင်လာတဲ့