မိန်းမကိုယ်ယားယံခြင်း

Visuals (19)

🌹မိန်းမကိုယ်ယားယံခြင်း🌹

 မိန်းမကိုယ်ယားယံတဲ့အခါ နီရဲရောင်ရမ်းခြင်းနှင့် အနာဖြစ်ခြင်းကို ခံစားရနိုင်ပါတယ်။မိန်းမကိုယ်ကိုယားယံစေတဲ့အကြောင်းအရင်းများစွာရှိတဲ့အနက်အောက်ပါ အကြောင်းအရင်းတွေက အဖြစ်အများဆုံးပါ။💃

⚠️ယားယံခြင်းကိုဖြစ်စေတဲ့ပစ္စည်းများ⚠️

မိန်းမကိုယ်ယားယံစေတဲ့ပစ္စည်းများမှာဓာတုပစ္စည်းများပါဝင်တတ်ပါတယ်။ထိုဓာတုပစ္စည်းများကြောင့် အရေပြားယောင်ယမ်းခြင်းကိုဖြစ်စေပြီး ဓာတ်မတည့်မှုဖြစ်ပွါးစေတတ်ပါတယ်။🧼 ဥပမာ- ရေချိုးဆပ်ပြာ၊ shower gel ၊အမြုပ်ထစေတဲ့ပစ္စည်းများ

➡️မိန်းမကိုယ်ဆေးကြောရန် စပရေးမျာ:

➡️အတွင်းပိုင်းဆေးရန်ပစ္စည်းများ

➡️ခရင်မ်၊ လိုးရှင်း ၊ လိမ်းဆီများ

➡️အမွှေးနံ့ပါတဲ့ ဆပ်ပြာမှုန့်များ

➡️အနံ့ပါတဲ့ တစ်သျှူးများ၊အနံ့ပါတဲ့ လစဉ်သုံးဂွမ်းထုပ်များ

➡️ပိုးဝင်ခြင်း

မိန်းမကိုယ်မှာ သဘာဝအလျောက် အကျိုးပြုဘက်တီးရီးယားလေးတွေရှိပေမယ့် သူတိုရဲ့ ကြီးထွားမှုနှင့်လုပ်ဆောင်ချက် ပျက်စီးတဲ့အခါ မိန်းမကိုယ် ယားယံခြင်း ၊ပူပြီးနီရဲခြင်း ၊ ရောင်ရမ်းခြင်း ၊ အဖြူဆင်းခြင်းတိုခံစားရနိုင်ပါတယ်။ကိုယ်ဝန်ဆောင်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ဆီးချိုသေချာမထိန်းနိုင်ခြင်းနှင့် ဟော်မုန်းအပြောင်းအလဲဖြစ်တဲ့အခါမှာ မှိပိုးဝင်ဖိုပိုလွယ်ပါတယ်။👩‍⚕️

⚠️Bacterial Vaginosis⚠️

ဘက်တီးရီးယားကြောင့်ပိုးဝင်တဲ့အခါ မှိပိုးဝင်သကဲ့သို အနံ့နံသောအဖြူဆင်းခြင်း ၊အနံ့ဆိုးထွက်ခြင်း၊ ယားယံခြင်းတို ဖြစ်ပေါ်စေပါတယ်။ လိင်မှတဆင့်ကူးစက်သောရောဂါများ(ဂနိုပိုး၊လိင်အင်္ဂါ ကြွက်နို၊ လိင်အင်္ဂါရေယုန်၊ chlamydia ၊ trichomoniasis) ကြောင့် မိန်းမကိုယ်မှ အရည်ဆင်းခြင်း၊ ဆီးသွားရင် နာကျင်ခြင်း၊ အနာဖြစ်ခြင်း နှင့် မိန်းမကိုယ်ယားယံခြင်းတိုဖြစ်ပွါးစေနိုင်ပါတယ်။👩‍⚕️

 👩‍⚕️သွေးဆုံးတဲ့အခါ အီစထရိုဂျင် ပမာဏကျသွားတဲ့အတွက် မိန်းမကိုယ်နံရံတွေဟာ အစိုဓာတ်နည်းပါးလာပြီး ပါးလွှာလာပါတယ်။ဒါတင်မကသေးပါဘူး။မိန်းကိုယ်ခြောက်သွေ့လာပြီး  ယားယံခြင်းကိုဖြစ်စေပါတယ်။👩‍⚕️

⚠️စိတ်ဖိစီးမှု⚠️

 ရုပ်ပိုင်းဆိုင်ရာ ဖိစီးမှုသာမက စိတ်ပိုင်းဆိုင်ရာဖိစီးမှုတွေဟာ ကိုယ်ခံအားစနစ်ကိုပျက်ယွင်းစေပြီး ပိုးဝင်ခြင်းနှင့် ယားယံခြင်းကိုဖြစ်စေနိုင်ပါတယ်။စိတ်ဖိစီးတဲ့အခါ ထွက်လာတဲ့ cortisol ဟော်မုန်းဟာ မိန်းမကိုယ်ကျန်းမာရေးကိုထိခိုက်စေပြီး ပိုးဝင်နိုင်ချေကိုမြင့်စေပါတယ်။👩‍⚕️

⚠️ကင်ဆာရောဂါ⚠️

မိန်းမကိုယ်ယားယံခြင်းဟာ အမျိုးသမီးအင်္ဂါကင်ဆာရဲ့ ကနဦးရှေ့ပြေး လက္ခဏာ ဖြစ်နိုင်ပါတယ်။အမျိုးသမီးအင်္ဂါကင်ဆာဆိုတာ အဖြစ်နည်းပေမယ့် အရေပြားအရောင်ပြောင်းတာမျိုး ၊အရေပြားထူလာတာမျိုးဖြစ်လာရင်တော့ သတိပြုသင့်ပါတယ်။👩‍⚕️

👩‍⚕️ဘယ်အချိန်မှာ ဆရာဝန်နှင့်ပြသင့်ပါသလဲ?👩‍⚕️

 မိန်းမကိုယ်ယားယံတာဟာ တပတ်ထက်ကျော်လာရင် သိုမဟုတ် အောက်ပါ လက္ခဏာများပါထပ်ဖြစ်လာရင် ကျွမ်းကျင်သောဆရာဝန်များ နှင့်တိုင်ပင်သင့်ပါတယ်။👩‍⚕️

➡️အမျိုးသမီးအင်္ဂါ မှာအဖုလေးတွေ သိုမဟုတ် အနာဖြစ်ခြင်း

➡️လိင်အင်္ဂါတဝိုက်မှာ နာကျင်မှုဖြစ်ပေါ်လာခြင်း

➡️နီရဲ ပြီးရောင်ရမ်းလာခြင်း

➡️ဆီးသွားရခက်ခြင်း

➡️မူမမှန်တဲ့ အရည်ဆင်းခြင်း

➡️လိင်ဆက်ဆံတဲ့အခါ အဆင်မပြေခြင်း

 အမျိုးသမီးကျန်းမာရေး နဲ့ ပတ်သက်ပြီး ဆရာဝန် နဲ့ ဆွေးနွေးချင်လို ဖြစ်ဖြစ်၊ ကျန်းမာရေး ဆောင်းပါးတွေ ဖတ်ရှူချင်လိုပဲ ဖြစ်ဖြစ် AMC Teledoc ကို Download လုပ်ထားဖို လိုမယ်နော်။📱

ကျန်းမာရေး အစီအစဉ်တွေကို သိရှိချင်လိုရင် AMC Teledoc ရဲ့ Facebook Page မှ တဆင့် အချိန်မရွေး စုံစမ်းမေးမြန်းနိုင်ပါတယ်။😍

 Share with

Related posts

More in “Health tips

ရာသီလာစဉ်အတွင်း ဂရုစိုက်သင့်တဲ့အမျိုးသမီးကျန်းမာရေ

🗓ရာသီလာစဉ်အတွင်း ဂရုစိုက်သင့်တဲ့အမျိုးသမီးကျန်းမာရေး🩸 👩‍⚕️အမျိုးသမီးတိုင်းလစဉ်ကြုံတွေ့နေရတဲ့ ဓမ္မတာစက်ဝန်းအတွင်းမှာ မိမိကိုယ်ကို သေချာဂရုစိုက်ပေးဖိုက အမျိုးသမီးတွေအတွက် လုပ်ဆောင်သင့်တဲ့ကျန်းမာရေးပဲဖြစ်ပါတယ်။

လည်ချောင်းနာခြင်းအကြောင်း

😷လည်ချောင်းနာခြင်းအကြောင်း 😷 🤔 လည်ချောင်းနာတယ်ဆိုတာ ဘာလည်း?🤔 လည်ချောင်းနာတယ်ဆိုတာ လည်ချောင်းတွင်းမှာ ယားမယ်

အဆုတ်ကင်ဆာရောဂါ

🫁Lung Cancer(အဆုတ်ကင်ဆာရောဂါ)🫁 အဆုတ်ကင်ဆာ ရောဂါ ဆိုတာ တကမ္ဘာလုံးမှာအဖြစ်အများဆုံးကင်ဆာတွေမှာ ဒုတိယအနေနဲ့လိုက်ပါတယ်။ဆေးလိပ်သောက်ခြင်းကအဆုတ်ကင်ဆာကို အဓိကဖြစ်စေတဲ့အကြောင်းအရင်းဖြစ်ပေမယ့်

ပိုးသတ်ဆေးယဉ်ပါးခြင်းအန္တရယ်

💊 ပိုးသတ်ဆေးယဉ်ပါးခြင်းအန္တာရယ်💊 💊 ပိုးသတ်ဆေးဆိုတာဘာလည်း? ဆေးယဉ်ပါးခြင်းဆိုတာဘာလည်း?🛡 💊 ပိုးသတ်ဆေးဆိုတာ လူ့ခန္ဓာကိုယ်ထဲကိုဝင်လာတဲ့