ဘာလို့အိပ်မပျော်တာလဲ?

Insonmia

💤ဘာလိုအိပ်မပျော်တာလည်း?💤

🧑‍⚕️အိပ်မပျော်ဘူး ဆိုတာဘာတွေကြောင့်လည်း ရောဂါကြောင့်လား၊ အိပ်မပျော်ရင်ဘာတွေ လုပ်သင့်သလည်း ?🧑‍⚕️

အိပ်မပျော်ဘူးဆိုတာကို လူတိုင်းနီးပါးကြုံဘူးကြပါတယ်။ အိပ်လိုမရဘူး မျက်လုံးကြောင်နေတယ် စသဖြင့် ကြုံဘူးကြပါတယ်။ 

🧑‍⚕️အိပ်မပျော်ဘူးဆိုတာကို ဘယ်လိုအဓိပ္ပယ်ဖွင့်လိုရသလည်း?🧑‍⚕️

အိပ်လိုမပျော်ဘူးဆိုတာ မိမိဦးနှောက်မှာရှိတဲ့ တွေးတောမှုဆိုင်ရာ system ( arousal system ) ကအလုပ်မရပ်ဘဲ အလုပ်အရမ်းလုပ်နေတာကြောင့် ဖြစ်ပေါ်လာရတဲ့ အခြေအနေတခုပါ။ဘယ်လိုတွေးတောမှုတွေလည်းဆိုတော့ မိမိအကြောင်းကစ အခြားသောအကြောင်းအရာများစွာကိုတွေးနိုင်စေသော system လိုလည်း အလွယ်ပြောလိုရပါတယ်။ 

💤ဘာတွေကြောင့် အိပ်မပျော်နိုင်ရလည်း?💤

ပထမဆုံးသော အကြောင်းကတော့ စိတ်ဖိစီးမှု စိတ်ဓာတ်ကျမှုတွေကြောင့် အိပ်မပျော်တတ်တာပါ။ စိတ်ဖိစီးမှုတွေ စိတ်လှုပ်ရှားမှုတွေကလည်း အိပ်ပျော်ဖိုကို တားဆီးနေတဲ့ အဓိက အကြောင်းတခုလည်းဖြစ်ပါတယ်။ နောက်တခုက အိပ်ယာအဆင်မပြေတာ အိပ်ရတဲ့ပတ်၀န်းကျင်က ဆူညံတာ အိပ်ခန်းကသက်တောင့်သက်သာမရှိတာ စတာတွေပါ။ ပြီးတော့ အလုပ်ကြောင့် အိပ်ရေးပျက်တာများပြီး နေ့ ည မှားနေတာ ( နေ့ shift ည shift တွေကြားမှာ အိပ်ပျော်ဖိုခက်လာတာ )၊ နောက်ဆုံးတခုကတော့ မအိပ်ခင် nicotine ဆေးလိပ် vape နဲ့အခြား စိတ်ကို တက်ကြွစေတဲ့ဆေးတွေသုံးစွဲတာ စတာတွေကြောင့် အိပ်မပျော်တာ ဖြစ်တတ်ပါတယ်။ 💤

🧑‍⚕️အိပ်မပျော်ရင် အိပ်ပျော်ဖိုခက်လာရင်ဘာလက္ခဏာတွေ ခံစားလာရတတ်သလည်း?🧑‍⚕️

ညအိပ်မပျော် အိပ်ပျော်လည်း ခဏခဏ နိုး မနက်အစောကြီး နိုးပြီး ပြန်အိပ်မပျော် စတာတွေကြောင့် အိပ်ရေး၀၀လင်လင်မရှိခြင်းကို ခံစားရနိုင်ပါတယ်။ မနက်နိုးရင် ပင်ပန်းသလိုဖြစ်နေတာ စိတ်ကလန်းဆန်းမှုရှိမနေတာတွေ ခံစားရနိုင်ပါတယ်။ အိပ်မပျော်ခြင်းဟာ မိမိရဲ့ကိုယ်ပိုင် တွေးတောနိုင်မှု ဆုံးဖြတ် စဉ်းစားနိုင်မှုတွေကိုပါ ကျဆင်းစေပါတယ်။ နေ့ဆက်အိပ်မပျော်တာ ကြာလာလေ မိိမိရဲ့ လူမှုရေးဆိုင်ရာတွေမှာပါ အကျိုးသက်ရောက်လာနိုင်ပါတယ်။ 💤

🧑‍⚕️အိပ်မပျော်တာကြာရင် ဘယ်လိုကုသလိုရမလည်း?🧑‍⚕️

🔴 စိတ်ဖိစီးတာတွေ စိတ်ဓာတ်ကျစရာတွေရှိရင် အိပ်ယာထဲထိမပါစေပဲ မအိပ်ခင်စိတ်ကိုရှင်းအောင်လေ့ကျင့်ပြီးအိပ်ပါ။ 💤

ဘယ်လိုတွေကမိမိစိတ်ကို ကြည်နူးစေတာလည်း မှတ်ထားပြီး အိပ်မပျော်ခင် အဆိုပါ ကောင်းတဲ့စိတ်ကိုသွင်းပြီး အိပ်ပျော်အောင်ကြိုးစားကြည့်ပါ။ အဲတာကိုမှ အဆင်မပြေဘူးဆိုရင် မိမိစိတ်ကိုတည်ငြိမ်အောင်ကြိုးစားလိုမရဘူး ဆိုရင်နီးစပ်ရာ ဆရာ၀န်နဲ့တိုင်ပင်ပါ။ ဒါမှမဟုတ် မိမိရဲ့အတွေးတွေ စိုးရိမ်ပူပန်စရာတွေကို မိမိသူငယ်ချင်း နီးစပ်ရာမှာ တိုင်ပင် ရင်ဖွင့်ပါ။ 🧑‍⚕️ 

🔴 လေ့ကျင့်ခန်းလုပ်ပါ။🏃‍♀️

လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာလည်း ညဖက်ကောင်းကောင်းအိပ်ပျော်စေနိုင်ပါတယ်။ 💤

🔴 မအိပ်ခင် nicotine vape ဆေးလိပ် စတာတွေကိုရှောင်ကျဉ်ပါ။ 🚬 စတာတွေနဲ့ ကြိုးစားပြီး အိပ်ပျော်အောင်လုပ်လိုရပါတယ်။

🧑‍⚕️အိပ်မပျော်တာဆေးကုသဖိုလိုမလား?🧑‍⚕️

မိမိကိုယ်မိမိ အိပ်မပျော်တာဖြစ်နေပြီလို သံသယ၀င်လာရင် အရေးကြီးတာက မိမိရဲ့အိပ်တဲ့ပုံစံကိုသတိထားကြည့်ပေးပါ။ အကယ်၍အိပ်ပျော်ဖိုခက်တာ ၂ လလောက်နီးပါးကြာလာပြီဆို အိပ်မပျော်တဲ့ရောဂါခံစားနေရပြီလို ကနဦး ကောက်ချက်ချနိုင်ပါတယ်။ အဆိုပါအခြေအနေဆိုရင်တော့ နီးစပ်ရာဆေးခန်းစင်တာမှာ ကုသမှုခံယူဖိုလိုပါတယ်။ အိပ်မပျော်တာဟာ လူတိုင်းမှာဖြစ်နိုင်ပါတယ်။ ပြီးတော့ ပုံမှန်မဟုတ်တာလည်း မဟုတ်ပါဘူး။ အဓိက က မိမိကိုယ်မိိမိ အိပ်မပျော်တာ ရက်ရှည်လာပြီလို သတိထားမိရင် အပေါ်ကနည်းလမ်းတွေကို အသုံးချပြီး အိပ်ရေး၀တဲ့နေ့ပြန်ဖြစ်ဖိုကြိုးစားကြည့်ပါ😍။ A good laugh and a long sleep are the best cures for anything . ❤️

အိပ်မပျော်ခြင်းနှင့် ပတ်သက်ပြီး ဆရာဝန်နဲ့ ဆွေးနွေးမေးမြန်းချင်လိုပဲဖြစ်ဖြစ်၊ ကျန်းမာရေးစောင့်ရှောက်မှု မန်ဘာအစီအစဥ်နဲ့ AMC TeleDocရဲ့ ဝန်ဆောင်မှုများအကြောင်းကို အသေးစိတ်သိရှိလိုပါက AMC TeleDoc Facebook Page ကနေတဆင့်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။❤️ 

 Share with

Related posts

More in “Health tips

ရာသီလာစဉ်အတွင်း ဂရုစိုက်သင့်တဲ့အမျိုးသမီးကျန်းမာရေ

🗓ရာသီလာစဉ်အတွင်း ဂရုစိုက်သင့်တဲ့အမျိုးသမီးကျန်းမာရေး🩸 👩‍⚕️အမျိုးသမီးတိုင်းလစဉ်ကြုံတွေ့နေရတဲ့ ဓမ္မတာစက်ဝန်းအတွင်းမှာ မိမိကိုယ်ကို သေချာဂရုစိုက်ပေးဖိုက အမျိုးသမီးတွေအတွက် လုပ်ဆောင်သင့်တဲ့ကျန်းမာရေးပဲဖြစ်ပါတယ်။

လည်ချောင်းနာခြင်းအကြောင်း

😷လည်ချောင်းနာခြင်းအကြောင်း 😷 🤔 လည်ချောင်းနာတယ်ဆိုတာ ဘာလည်း?🤔 လည်ချောင်းနာတယ်ဆိုတာ လည်ချောင်းတွင်းမှာ ယားမယ်

အဆုတ်ကင်ဆာရောဂါ

🫁Lung Cancer(အဆုတ်ကင်ဆာရောဂါ)🫁 အဆုတ်ကင်ဆာ ရောဂါ ဆိုတာ တကမ္ဘာလုံးမှာအဖြစ်အများဆုံးကင်ဆာတွေမှာ ဒုတိယအနေနဲ့လိုက်ပါတယ်။ဆေးလိပ်သောက်ခြင်းကအဆုတ်ကင်ဆာကို အဓိကဖြစ်စေတဲ့အကြောင်းအရင်းဖြစ်ပေမယ့်

ပိုးသတ်ဆေးယဉ်ပါးခြင်းအန္တရယ်

💊 ပိုးသတ်ဆေးယဉ်ပါးခြင်းအန္တာရယ်💊 💊 ပိုးသတ်ဆေးဆိုတာဘာလည်း? ဆေးယဉ်ပါးခြင်းဆိုတာဘာလည်း?🛡 💊 ပိုးသတ်ဆေးဆိုတာ လူ့ခန္ဓာကိုယ်ထဲကိုဝင်လာတဲ့