ပိုးသတ်ဆေးယဉ်ပါးခြင်းအန္တရယ်

Antimicrobial Resistance

💊 ပိုးသတ်ဆေးယဉ်ပါးခြင်းအန္တာရယ်💊

💊 ပိုးသတ်ဆေးဆိုတာဘာလည်း? ဆေးယဉ်ပါးခြင်းဆိုတာဘာလည်း?🛡

💊 ပိုးသတ်ဆေးဆိုတာ လူ့ခန္ဓာကိုယ်ထဲကိုဝင်လာတဲ့ ပိုးမွှား ( ဘတ်တီးရီးယား ဗိုင်းရစ်စ် ) တို့ကို သေစေ ပျက်စီးစေတဲ့ လူလုပ် ပဋိဇီဝဆေး ပဲဖြစ်ပါတယ် ။ အရှင်းဆိုရင်တော့ ပိုးဝင်လာရင်သေအောင်သောက်တဲ့ဆေးပေါ့ ။

➡️ ပိုးသတ်ဆေးရဲ့တာဝန်ကဘာလဲ?

💊 အပေါ်ကပြောသလို ပိုးဝင်လာရင်သေစေ ပျက်စီးစေပြီး ပိုးကြောင့် ဖြစ်နေတဲ့ ဖျားနာမှု့ကို ပျောက်ကင်းအောင်လုပ်ပေးတဲ့ဆေးပါ ။ ဟုတ်ပြီ ဒါဆို ဖျားတာနဲ့ ပိုးသတ်ဆေးသောက်ဖို့လိုမလား? အဖြေကတော့ ဖျားတာကိုယ်လက်ကိုက်ခဲတာနဲ့ ပိုးသတ်ဆေး စသောက်စရာမလိုပါ ။

➡️ ဒါဆိုဘယ်အချိန်သောက်ရမလည်း?

💊 မိမိခံစားနေရတဲ့ဝေဒနာကို နီးစပ်ရာ ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ ။ ဘာလို့လည်းဆိုတော့ ပိုးသတ်ဆေး စပေးဖို့လိုအပ်တဲ့ ရောဂါလက္ခဏာရှိရပါတယ် အဆိုပါရောဂါလက္ခဏာကို ဆရာဝန်ကပဲကြည့်ပြီး ပိုးသတ်ဆေးပေးသင့် မပေးသင့်ဆုံးဖြတ်တာ စမ်းသပ်တာလုပ်ရပါတယ် ။ ဟုတ်ပြီ ပိုးသတ်ဆေးပေးပြီသောက်ပြီဆိုလည်း လွယ်လွယ်သောက်လို့မရပါဘူး ရက်ပြည့်အောင်သောက်ရပါမယ် ဆေးတစ်မျိူးနဲ့တစ်မျိူးလည်း ပေးရတဲ့ရက်အရေအတွက်မတူကြပါဘူး ဘယ်နေ့စမယ် ဘယ်နေ့မှာရပ်မယ်ဆိုတာ ဆရာဝန်ပဲဆုံးဖြတ်ရတာပါ ပြီးတော့ဆေးမတည့်တဲ့အန္တာရယ်လည်း ဖြစ်နိုင်ပါသေးတယ် ။

💊 ဒါကြောင့် မိမိကိုယ့်ဟာကိုယ် ပိုးသတ်ဆေးကိုစမသောက်ပါနဲ့ နီးစပ်ရာ ဆရာဝန်နဲ့အရင်တိုင်ပင်ပါ ။ ဆရာဝန်ကပိုးသတ်ဆေးစတိုက်ရင်လည်း ရက်ပြည့်အောင်သောက်ပါ ။ နေကောင်းပြီဆိုပြီး ရက်ပြည့်အောင်မသောက်ရင် ထိုပိုးသတ်ဆေးကို ပိုးကဆေးယဉ်ပါးဖြစ်သွားနိုင်ပါတယ် 🙅‍♀️🙅🙅‍♂️

➡️ ဆေးယဉ်ပါးတယ်ဆိုတာ ဘာလည်း ?

💊🛡ဆေးယဉ်ပါးတယ်ဆိုတာ အရင်က ဒီပိုးသတ်ဆေးပမာဏာနည်းနည်းနဲ့ဒီပိုးသေတယ် ဒီရောဂါသက်သာတယ်ဆို အခုဆေးယဉ်ပါးပိုးကို သေအောင် ဒီပိုးသတ်ဆေးကိုပဲ ပမာဏာပိုလိုတာ ဒါမှမဟုတ် ဒီပိုးသတ်ဆေးနဲ့လုံးဝမသက်သာတော့ပဲ ဒီပိုးသတ်ဆေးထက်ပိုပြင်းတဲ့ပိုးသတ်ဆေးလိုအပ်လာခြင်းစတာတွေကို ပိုးသတ်ဆေးဆေးယဉ်ပါးတယ်လို့ ခေါ်ပါတယ် ။ 👩‍⚕️

➡️ ဘယ်လိုတွေကြောင့်ဆေးယဉ်ပါးလာနိုင်သလည်း ?

💊 အဓိက အကြောင်းအရင်းကတော့ ပိုးသတ်ဆေးကိုဖျားနာပြီထင်တိုင်းစသောက်ခြင်း ပြီးတော့ရက်ပြည့်အောင်မသောက်ခြင်း ပိုးသတ်ဆေးအမျိူးမျိူးကို ပြောင်းပြောင်းသောက်ခြင်း စတာတွေကြောင့် ဆေးယဉ်ပါးတဲ့အန္တာရယ်တွေဖြစ်နိုင်ပါတယ် ။ ပိုးသတ်ဆေးဆိုတာ အမျိူးမျိူးရှိကြပါတယ် ခံစားရတဲ့ဝေဒနာပေါ်မူတည်ပြီးလည်း ပေးရတဲ့ပိုးသတ်ဆေးကွာကြပါတယ် ။ဒါကြောင့် ပိုးသတ်ဆေးဆိုတာ ဆရာဝန်ပဲပေးရတဲ့ဆေးအမျိူးအစားပါ ။ မိမိကိုယ်တိုင်သောက်တာထက် နီးစပ်ရာဆရာဝန်နဲ့တိုင်ပင်ပြီးမှ ဆုံးဖြတ်ပေးပါ ။👩‍⚕️👩‍⚕️

➡️ ဆေးယဉ်ပါးတာကြောင့်မိမိကိုယ်တိုင်ဘာတွေခံစားရနိုင်သလည်း ?

💊 အပေါ်ကပြောခဲ့သလို အရင်ကဒီပိုးသတ်ဆေး ပမာဏာနည်းနည်းနဲ့ ပိုးကိုသတ်နိုင်တယ်ဆို အခုပမာဏပိုတိုးမှ သတ်နိုင်သက်သာလာတာ အရင်ကဒီဆေးနဲ့ပျောက်ခဲ့ပေမယ့်အခုတခြားဆေးပြောင်းသုံးမှသက်သာတာ အဆိုပါတွေကြောင့်မိမိ ခန္ဓာကိုယ်ရဲ့ခုခံအားနည်းစေပြီး အရင်ကထက်ရောဂါဒဏ်ကိုပိုခံစားရတတ်ပါတယ် ။

💊 တီဘီဆေးသောက်တဲ့သူတွေမှာ ဆေးသေချာဂရုစိုက်မသောက်လို့ ဆေးယဉ်ပါးတီဘီဖြစ်သွားရင် အဆိုပါသူတွေရှိက တဆင့်ကူးစက်ခံရတဲ့သူတွေမှာလည်း အရင်တီဘီမဖြစ်ဘူး တီဘီဆေးမသောက်ဘူး ဘူး ဆိုလည်းဆေးယဉ်ပါးတီဘီဖြစ်စေတဲ့အထိ ဆေးယဉ်ပါးခြင်းဟာကြောက်ဖို့ကောင်းပါတယ် ။ ဒါကြောင့် မိိမိဘာဆေးသောက်နေလည်း ဆေးကိုရက်ပြည့်အောင်သောက်ဖို့လိုကြောင်းလည်း သိထားရပါမယ် ပြီးတော့ တခြားသူတွေကိုလည်း မျှဝေပါ ။👥ဒါမှသာ မိမိကိုယ်လည်းကာကွယ် တခြားသူကိုလည်းကာကွယ်ရာရောက်ပါမယ်။ 

ကျန်းမာရေးနှင့် ပတ်သက်ပြီး ဆရာဝန်နဲ့ ဆွေးနွေးမေးမြန်းချင်လိုပဲဖြစ်ဖြစ်၊ ကျန်းမာရေးစောင့်ရှောက်မှု မန်ဘာအစီအစဥ်နဲ့ AMC TeleDocရဲ့ ဝန်ဆောင်မှုများအကြောင်းကို အသေးစိတ်သိရှိလိုပါက AMC TeleDoc Facebook Page ကနေတဆင့်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။❤️ 

 Share with

Related posts

More in “Health tips

ရာသီလာစဉ်အတွင်း ဂရုစိုက်သင့်တဲ့အမျိုးသမီးကျန်းမာရေ

🗓ရာသီလာစဉ်အတွင်း ဂရုစိုက်သင့်တဲ့အမျိုးသမီးကျန်းမာရေး🩸 👩‍⚕️အမျိုးသမီးတိုင်းလစဉ်ကြုံတွေ့နေရတဲ့ ဓမ္မတာစက်ဝန်းအတွင်းမှာ မိမိကိုယ်ကို သေချာဂရုစိုက်ပေးဖိုက အမျိုးသမီးတွေအတွက် လုပ်ဆောင်သင့်တဲ့ကျန်းမာရေးပဲဖြစ်ပါတယ်။

လည်ချောင်းနာခြင်းအကြောင်း

😷လည်ချောင်းနာခြင်းအကြောင်း 😷 🤔 လည်ချောင်းနာတယ်ဆိုတာ ဘာလည်း?🤔 လည်ချောင်းနာတယ်ဆိုတာ လည်ချောင်းတွင်းမှာ ယားမယ်

အဆုတ်ကင်ဆာရောဂါ

🫁Lung Cancer(အဆုတ်ကင်ဆာရောဂါ)🫁 အဆုတ်ကင်ဆာ ရောဂါ ဆိုတာ တကမ္ဘာလုံးမှာအဖြစ်အများဆုံးကင်ဆာတွေမှာ ဒုတိယအနေနဲ့လိုက်ပါတယ်။ဆေးလိပ်သောက်ခြင်းကအဆုတ်ကင်ဆာကို အဓိကဖြစ်စေတဲ့အကြောင်းအရင်းဖြစ်ပေမယ့်

ပိုးသတ်ဆေးယဉ်ပါးခြင်းအန္တရယ်

💊 ပိုးသတ်ဆေးယဉ်ပါးခြင်းအန္တာရယ်💊 💊 ပိုးသတ်ဆေးဆိုတာဘာလည်း? ဆေးယဉ်ပါးခြင်းဆိုတာဘာလည်း?🛡 💊 ပိုးသတ်ဆေးဆိုတာ လူ့ခန္ဓာကိုယ်ထဲကိုဝင်လာတဲ့