ဆီးချိုရောဂါ (Diabetes Mellitus) ဆိုတာ ဘာကိုခေါ်ပါသလဲ?

Graphics - 2022-06-16T193729.668

👩‍⚕️ဆီးချိုရောဂါ (Diabetes Mellitus) ဆိုတာ ဘာကိုခေါ်ပါသလဲ?👩‍⚕️

Diabetes mellitusလိုခေါ်တဲ့ဆီးချိုရောဂါဟာသွေးတွင်းမှာသကြားဓာတ်မြင့်မားနေခြင်းကိုဆိုလိုပါတယ်။

ဆီးချိုရောဂါကိုယေဘူယျအားဖြင့်အမျိုးအစား(၁)နှင့်(၂) ၊ ကိုယ်ဝန်ဆောင်ချိန်မှာဖြစ်တဲ့ဆီးချိုအနေနှင့်သုံးမျိုး ခွဲခြားနိုင်ပါတယ်။👩‍⚕️

အမျိုးအစား(၁)ဆီးချိုရောဂါဟာ ခန္ဓာကိုယ်ရဲ့ခုခံအားက အင်ဆူလင်ထုတ်ပေးတဲ့ ပန်ကရိယလိုခေါ်တဲ့မုန့်ချိုအိတ်ကို တိုက်ခိုက်လိုဖြစ်လာတဲ့ရောဂါပါ။အမျိုးအစား(၂)ဆီးချိုရောဂါကပန်ကရိယကနေအင်ဆူလင်ထုတ်လုပ်မှုနည်းပါးပြီး သွေးတွင်းမှာရှိတဲ့သကြားဓာတ်ကိုအင်ဆူလင်ကနေဆဲလ်ထဲကို မပိုနိုင်တဲ့အတွက်သွေးတွင်းသကြားဓာတ်မြင့်မားနေတဲ့ရောဂါဖြစ်ပါတယ်။ အမျိုးအစား(၁)ဆီးချိုဟာကလေးနှင့်ဆယ်ကျော်သက်အရွယ်မှာဖြစ်တတ်ပြီးအမျိုးအစား(၂)ကတော့အသက်၄၀ ကျော်လူကြီးတွေမှာအဖြစ်များပါတယ်။👴

ကိုယ်ဝန်ဆောင်ချိန်မှာ ဖြစ်တဲ့ဆီးချိုရောဂါကတော့ ကိုယ်ဝန်ဒုတိယပတ်၃လ နှင့် တတိယပတ် ၄လ မှာဖြစ်တတ်ပြီး ကလေးမွေးပြီးတဲ့အခါမှာတော့ ပုံမှန်ပြန်ဖြစ်သွားလေ့ရှိပါတယ်။

ဒါပေမယ့် ပထမကလေးကိုယ်ဝန်ဆောင်ချိန်မှာ သွေးတွင်းသကြားဓာတ်မြင့်မားခဲ့ရင် အမျိုးအစား(၂)ဆီးချိုဖြစ်နိုင်ချေမြင့်တဲ့အတွက် သေချာစောင့်ကြည့်ဖိုလိုအပ်ပါတယ်။🩺🤰

👩‍⚕️ဆီးချိုရောဂါဖြစ်ပြီဆိုတာကိုဘယ်လိုလက္ခဏာတွေအရသိရှိနိုင်ပါသလဲ?👩‍⚕️

ဆီးချိုရောဂါရဲ့လက္ခဏာတွေအနေနဲ့ကတော့

➡️  ဆီးမကြာခဏသွားခြင်း

➡️  ရေငတ်ခြင်း

➡️  အမြင်မှုန်ဝါးခြင်း

➡️  ပင်ပန်းလွယ်ခြင်း

➡️  ဆာလောင်ခြင်း

➡️  အနာကျက်နှေးခြင်း

➡️ လက်ချောင်းနှင့်ခြေချောင်းများထုံကျဉ်ခြင်းတို ခံစားရတတ်ပါတယ်။

အထက်ပါ လက္ခဏာများမဟုတ်ဘဲ တခြားအချက်များကြောင့်လည်းဆီးချိုရောဂါဖြစ်ပွါးနိုင်ပါတယ်။

➡️  အဝလွန်ခြင်း

➡️  အလှုပ်အရှားနည်းခြင်း

➡️  မိသားစုမျိုးရိုးရှိခြင်း

➡️  ကိုယ်ခံအားစနစ်တွင် autoantibodies များစစ်ဆေးတွေ့ရှိခြင်း

➡️  အသက်အရွယ်

➡️  သွေးတိုးရောဂါ၊ သွေးတွင်းအဆီများသောရောဂါများ

➡️  သားဥအိမ်တွင်ရေအိတ်တည်ခြင်း

➡️  ရေမြေအနေအထားအရ အချိုသောနိုင်ငံများ(ဥပမာ-Finland,Sweden)တိုတွင် ပိုအဖြစ်များလေ့ရှိပါတယ်။

ဆီးချိုရောဂါကို အတည်ပြုဖိုအတွက် အောက်ပါ (၃)မျိုးကို သွေးဖောက်စစ်ဆေးနိုင်ပါတယ်။⬇️

🔴HbA1c test,

🔴Fasting plasma glucose test

🔴Oral Glucose Tolerance Test

အကယ်၍ဆီးချိုရောဂါကို အတည်ပြုပြီးပါက ကျွမ်းကျင်သောဆရာဝန်များနှင့်တိုင်ပင်ပြီး ကုသမှုကိုထိရောက်စွာခံယူဖိုလိုအပ်ပါတယ်။👩‍⚕️

ထိုအပြင်ဆီးချိုရောဂါဖြစ်ပြီဆိုရင် သွေးတွင်းသကြားဓာတ်ကို ပုံမှန်အတွင်းမှာ ထိန်းထားဖိုလိုအပ်ပါတယ်။🔴

ဆီးချို အကြိုအဆင့် (pre- diabetes) ကိုအောက်ပါကိန်းဂဏန်းများအရကြိုတင်သိရှိနိုင်ပါတယ်။🩸

➡️Fasting plasma glucose (FBS) – 100 to 125 mg/dl

➡️Oral Glucose Tolerance Test(OGTT) -140 to 199 mg/dl 

➡️HbA1c – 5.7 to 6.4% 

🔴ဆီးချိုရောဂါရှင်များအတွက် ဆောင်ရန် ရှောင်ရန် အချက်များ🔴

➡️ဆီးချိုရောဂါရှင်များအတွက် သတ်မှတ်ထားတဲ့ အချိုးအစားအတိုင်း မနက်၊နေ့လည်နှင့်ညစာ ကို စားသုံးပေးရပါမယ်။အချိုနှင့်ကစီဓာတ်များသောအစားအစားများကိုလျှော့စားပေးပြီး အမျှင်ဓာတ်များတဲ့အစားအစာများ၊ အသီးအရွက်များကို ပိုစားပေးရပါမယ်။

➡️ဆီးချိုထိန်းဆေးများနှင့် အခြားရောဂါများအတွက် သက်ဆိုင်ရာ ဆေးဝါးများကိုလည်းသေချာသောက်သုံးပေးရန်လိုအပ်ပါတယ်။

➡️တစ်ပတ်လျှင် ၃ရက်မှ ၅ရက်ခန့် မိနစ်၃၀ ကြာ လေ့ကျင့်ခန်းပြုလုပ်ခြင်း၊ ယောဂ ကျင့်ခြင်း၊ တရားထိုင်ခြင်းတိုကိုပြုလုပ်ပေးပြီး စိတ်ဖိစီးမှုကိုလျှော့ချသင့်ပါတယ်။ ဆီီးချိုရောဂါနဲ့ပတ်သက်ပြီး ကိုယ်ဝန်ဆောင်ချိန်မှာလည်း ပိုပြီး မိမိရဲ့ကျန်းမာရေးအခြေအနေကို ဆရာဝန်များ နဲ့ သေသေချာချာဆွေးနွေးတိုင်ပင်ဖိုလိုပါတယ်။🧑‍⚕️

AMC TeleDoc application မှာ ကျွမ်းကျင်တဲ့ဆရာဝန်များက နေ့စဉ် ပိတ်ရက်မရှိ မနက် ၉နာရီ မှ ည ၉နာရီ အထိဆွေးနွေးတိုင်ပင်ပေးနေပါတယ်။ ❤️🧑‍⚕️

👩‍⚕️ဆီးချိုရောဂါနဲ့ ပတ်သက်ပြီး ဆရာဝန်နဲ့ မေးမြန်းလိုတာပဲ ဖြစ်ဖြစ်၊ ကျန်းမာရေးအစီအစဉ်များနဲ့ ပတ်သက်ပြီး မေးမြန်းချင်တာပဲ ဖြစ်ဖြစ် AMC Teledoc Facebook Page Messenger ကနေတဆင့် အချိန်မရွေး စုံစမ်းမေးမြန်းနိုင်ပါတယ်။😍

#AMCTeledoc #GEGlucometer #Diabetes #Telemedicine #Healthcare #Glucometer #Pregnancy

 Share with

Related posts

More in “Health tips

ရာသီလာစဉ်အတွင်း ဂရုစိုက်သင့်တဲ့အမျိုးသမီးကျန်းမာရေ

🗓ရာသီလာစဉ်အတွင်း ဂရုစိုက်သင့်တဲ့အမျိုးသမီးကျန်းမာရေး🩸 👩‍⚕️အမျိုးသမီးတိုင်းလစဉ်ကြုံတွေ့နေရတဲ့ ဓမ္မတာစက်ဝန်းအတွင်းမှာ မိမိကိုယ်ကို သေချာဂရုစိုက်ပေးဖိုက အမျိုးသမီးတွေအတွက် လုပ်ဆောင်သင့်တဲ့ကျန်းမာရေးပဲဖြစ်ပါတယ်။

လည်ချောင်းနာခြင်းအကြောင်း

😷လည်ချောင်းနာခြင်းအကြောင်း 😷 🤔 လည်ချောင်းနာတယ်ဆိုတာ ဘာလည်း?🤔 လည်ချောင်းနာတယ်ဆိုတာ လည်ချောင်းတွင်းမှာ ယားမယ်

အဆုတ်ကင်ဆာရောဂါ

🫁Lung Cancer(အဆုတ်ကင်ဆာရောဂါ)🫁 အဆုတ်ကင်ဆာ ရောဂါ ဆိုတာ တကမ္ဘာလုံးမှာအဖြစ်အများဆုံးကင်ဆာတွေမှာ ဒုတိယအနေနဲ့လိုက်ပါတယ်။ဆေးလိပ်သောက်ခြင်းကအဆုတ်ကင်ဆာကို အဓိကဖြစ်စေတဲ့အကြောင်းအရင်းဖြစ်ပေမယ့်

ပိုးသတ်ဆေးယဉ်ပါးခြင်းအန္တရယ်

💊 ပိုးသတ်ဆေးယဉ်ပါးခြင်းအန္တာရယ်💊 💊 ပိုးသတ်ဆေးဆိုတာဘာလည်း? ဆေးယဉ်ပါးခြင်းဆိုတာဘာလည်း?🛡 💊 ပိုးသတ်ဆေးဆိုတာ လူ့ခန္ဓာကိုယ်ထဲကိုဝင်လာတဲ့