ကိုယ်ဝန်တားဆေးများအကြောင်းနှင့်ဘေးထွက်ဆိုးကျိူးများ

Contraceptive Pill Side Effects

💊ကိုယ်ဝန်တားဆေးများအကြောင်းနှင့်ဘေးထွက်ဆိုးကျိူးများ💊

ကိုယ်ဝန်တားနည်းများစွာရှိသည့်အနက် အခုရေးမယ့်အကြောင်းအရာကတော့ အမျိူးသမီးတွေကျင့်သုံးလို့ရတဲ့ ကိုယ်ဝန်တားနည်း အကြမ်းဖျင်းလေးတွေဖြစ်ကြပါတယ် 🙋‍♀️

🅾️ပထမဆုံးကတော့ ဟော်မုန်းဆေး ဒါမှမဟုတ် ကိုယ်ဝန်တားတဲ့သောက်ဆေး

သူက ဟော်မုန်း ကို ခန္ဓာကိုယ်ထဲရက်အလိုက်ဝင်အောင် ရက်အလိုက်သောက်ရတဲ့ဆေးရှိမယ် ပြီးတော့ရက်အလိုက်မဟုတ်တဲ့ အရေးပေါ် ဟော်မုန်းကိုယ်ဝန်တားဆေးဆိုပြီး အကြမ်းဖျင်း ၂ မျိူးခွဲလို့ရပါတယ် ။ ရက်အလိုက်သောက်ရတဲ့တားဆေး ကို များသောအားဖြင့် ရာသီစလာတဲ့နေ့ကစ သောက်ရပါတယ် ။ သူက များသောအားဖြင့် ရက်အလိုက်သောက်ရတာဖြစ်ပြီး ၂၁ ရက်အကြမ်းဖျင်းရှိပါတယ် သောက်ရတဲ့ရက်အရေအတွက်က ။ စသောက်ရင်လည်း ရက်ပြည့်အောင်သောက်ပေးရပါမယ်။ အရေးပေါ် ကိုယ်ဝန်တားဆေး ဆိုတာကတော့ နာမည်အတိုင်း အရေးပေါ်မှသောက်ရတာဖြစ်ပြီး ဆက်ဆံပြီး ၇၂ နာရီ အတွင်းသောက်ရပါတယ် ။ ရက်အလိုက်သောက်တဲ့ဆေးနဲ့ဘာကွာလည်းဆိုတော့ အရေးပေါ်တားဆေးမှာပါဝင်တဲ့ ဟော်မုန်းပမာဏာဟာ ရက်အလိုက်သောက်ရတဲ့တားဆေးဖက်ပိုများပါတယ် ။ ဒါကြောင့်လည်း တကယ့်ကို အရေးပေါ်မှသာသောက်သုံးသင့်ပါတယ် ။ ခဏ ခဏ အရေးပေါ်တားဆေးသောက်ခြင်းဟာ ကျန်းမာရေးကိုထိခိုက်စေနိုင်ပါတယ် ။🤦‍♀️

🅾️နောက် ဒုတိယနည်းက အရပ်အခေါ်နဲ့ဆို အသားဆေး ပါ။

တစ်နည်းအားဖြင့် ၃ လ ခံဆေးလို့လည်းခေါ်ကြပါတယ် 🙋‍♀️

🅾️နောက်ဆုံးနည်းကတော့ လက်မောင်းထဲ ဟော်မုန်းထုတ်ပေးတဲ့ ဆေးတောင့်လေးထည့်ခြင်းဖြစ်ပါတယ်။

သူကအနည်းဆုံး ၂ နှစ်ကနေ ၅ နှစ်အထိ ကိုယ်ဝန်တားပေးပါတယ်။ ပြီးတော့ အမျိူးသမီးမွေးလမ်းကြောင်းမှာလည်း IUD လို့ခေါ်တဲ့ ကိုယ်ဝန်တားဆေးတောင့်ထည့်လို့ရပါတယ် ။ ဒါပေမယ့် လက်မောင်းထဲထည့်တာ မွေးလမ်းကြောင်းထဲ ထည့်တာ စတဲ့နည်းတွေက ကျွမ်းကျင်တဲ့ဆရာဝန်တွေရှိမှာပဲ လုပ်ပေးလို့ရတဲ့နည်းတွေပါ ။ 👩‍⚕️အဓိက က မိမိကိုယ်ဝန်တားမယ် ဘယ်လောက်ကြာကြာတားမှာ လည်းပေါ်မူတည်ပြီး ဆရာဝန်နဲ့တိုင်ပင်ပါ ။ 👨‍⚕️🧑‍⚕️

🅾️ကိုယ်ဝန်တားဆေးကြောင့်ဘယ်လို ဘေးထွက်ဆိုးကျိူးတွေခံစားရနိုင်သလည်း ?🙋‍♀️

➡️ရာသီထိန်တတ်တာ ရာသီဆင်းတာများတာ 

➡️သွေးတိုးတတ်တာ ဖောယောင်လာတာ

➡️စိတ်အလိုမကျများတတ်လာတာ

➡️စိတ်ဓာတ်ကျတတ်လာတာ စတဲ့ ဘေးထွက်ဆိုးကျိူးတွေခံစားရနိုင်ပါတယ် ။ 👩‍⚕️

⛔️အရေးကြီးတာက ကိုယ်ဝန်တားဆေး မသောက်ခင် မထိုးခင် မိမိမှာ ကိုယ်ဝန်ရှိမရှိအရင် ဆီးစစ်ကြည့်ပါ ။ ကိုယ်ဝန်ရှိရင် မသောက်သုံးသင့် မတားသင့်ပါ ။

နောက်ဆုံးအနေနဲ့ကတော့ ကိုယ်ဝန်တားမယ်ဆို မိမိသာမက မိမိရဲ့လက်တွဲဖော်နဲ့ပါတိုင်ပင်ပါ ။ တိုင်ပင်ပြီး ဘယ်လောက်ကြာကြာ တားမလည်းဆိုတာ ဆုံးဖြတ်ပါ ။ ဆုံးဖြတ်ပြီး ဆုံးဖြတ်ချက်ကို ဆရာဝန်နဲ့တိုင်ပင်ပါ ။အဲတာမှဘေးထွက်ဆိုးကျိူးသိပြီး မိမိလိုချင်တဲ့ နည်းလမ်းကိုရနိုင်မှာဖြစ်ပါတယ်။

သားဆက်ခြားကျန်းမာရေးနှင့် ပတ်သက်ပြီး ဆရာဝန်နဲ့ ဆွေးနွေးမေးမြန်းချင်လိုပဲဖြစ်ဖြစ်၊ ကျန်းမာရေးစောင့်ရှောက်မှု မန်ဘာအစီအစဥ်နဲ့ AMC TeleDocရဲ့ ဝန်ဆောင်မှုများအကြောင်းကို အသေးစိတ်သိရှိလိုပါက AMC TeleDoc Facebook Page ကနေတဆင့်ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်။❤️

 Share with

Related posts

More in “Health tips

ရာသီလာစဉ်အတွင်း ဂရုစိုက်သင့်တဲ့အမျိုးသမီးကျန်းမာရေ

🗓ရာသီလာစဉ်အတွင်း ဂရုစိုက်သင့်တဲ့အမျိုးသမီးကျန်းမာရေး🩸 👩‍⚕️အမျိုးသမီးတိုင်းလစဉ်ကြုံတွေ့နေရတဲ့ ဓမ္မတာစက်ဝန်းအတွင်းမှာ မိမိကိုယ်ကို သေချာဂရုစိုက်ပေးဖိုက အမျိုးသမီးတွေအတွက် လုပ်ဆောင်သင့်တဲ့ကျန်းမာရေးပဲဖြစ်ပါတယ်။

လည်ချောင်းနာခြင်းအကြောင်း

😷လည်ချောင်းနာခြင်းအကြောင်း 😷 🤔 လည်ချောင်းနာတယ်ဆိုတာ ဘာလည်း?🤔 လည်ချောင်းနာတယ်ဆိုတာ လည်ချောင်းတွင်းမှာ ယားမယ်

အဆုတ်ကင်ဆာရောဂါ

🫁Lung Cancer(အဆုတ်ကင်ဆာရောဂါ)🫁 အဆုတ်ကင်ဆာ ရောဂါ ဆိုတာ တကမ္ဘာလုံးမှာအဖြစ်အများဆုံးကင်ဆာတွေမှာ ဒုတိယအနေနဲ့လိုက်ပါတယ်။ဆေးလိပ်သောက်ခြင်းကအဆုတ်ကင်ဆာကို အဓိကဖြစ်စေတဲ့အကြောင်းအရင်းဖြစ်ပေမယ့်

ပိုးသတ်ဆေးယဉ်ပါးခြင်းအန္တရယ်

💊 ပိုးသတ်ဆေးယဉ်ပါးခြင်းအန္တာရယ်💊 💊 ပိုးသတ်ဆေးဆိုတာဘာလည်း? ဆေးယဉ်ပါးခြင်းဆိုတာဘာလည်း?🛡 💊 ပိုးသတ်ဆေးဆိုတာ လူ့ခန္ဓာကိုယ်ထဲကိုဝင်လာတဲ့