🤰ကိုယ်ဝန်ဆောင်မိခင်များနှင့်တကိုယ်ရည်သန့်ရှင်းရေး🤰
ကိုယ်ဝန်ဆောင်မိခင်များဟာ ကိုယ်ဝန်လွယ်စ မှ ကလေးမွေးဖွားပြီးနိုချိုတိုက်ကျွေးချိန်အထိ ဂရုစိုက်ရမယ့်အချက်တွေများလှပါတယ်။ဒီလိုအချက်တွေထဲမှာ ကိုယ်ဝန်ဆောင်မိခင်များရဲ့တကိုယ်ရည်သန့်ရှင်းရေးဟာလည်း အရေးကြီးတဲ့ကဏ္ဍတရပ်ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ တကိုယ်ရည်သန့်ရှင်းရေးကိုဂရုစိုက်တာဟာ ရောဂါပိုးများဝင်ရောက်ခြင်းမှကာကွယ်ပေးနိုင်ခြင်း၊ စိတ်ကြည်လင်စေခြင်းတိုကိုဖြစ်စေပါတယ်။ဟော်မုန်းအပြောင်းအလဲများကြောင့် အနံ့အသက် ဆိုးလာခြင်း ၊ မိန်းမကိုယ်မှ အရည်ဆင်းခြင်း နှင့် အသားအရေ ခြောက်သွေ့ခြင်းတိုကို ခံစားရတတ်ပါတယ်။🤷♀️
တကိုယ်ရည်သန့်ရှင်းရေးအတွက် အောက်ပါအချက်များကို လုပ်ဆောင်ပေးသင့်ပါတယ်။⬇️
➡️အသားအရေ စိုပြေနူးညံ့စေဖိုအတွက် ရေချိုးပြီးစအချိန်မှာ ကိုယ်လိမ်းခရင်မ်များ၊ lotion များကိုပုံမှန်လိမ်းပေးဖိုလိုအပ်ပါတယ်။
➡️မိန်းမကိုယ်သန့်ရှင်းရေးကိုဂရုစိုက်တာဟာ ရောဂါပိုးတွေကိုကာကွယ်ပေးနိုင်ပေမယ့် ဓာတုပစ္စည်းများနှင့် အတွင်းပိုင်းထိ ဆေးကြောခြင်းကိုရှောင်ကြဉ်သင့်ပါတယ်။
➡️ရေချိုးတဲ့အခါ ရေအေး ထက် ကြက်သီးနွေးရေ ကို အသုံးပြုခြင်းကကျန်းမာရေးအတွက် ပိုသင့်လျော်ပါတယ်၊။ရေပူအသုံးပြုခြင်းက ခေါင်းမူး ခေါင်းကိုက်ခြင်းကိုဖြစ်စေနိုင်တဲ့အတွက် ကြောင့်ပါ။
➡️ကိုယ်အပူချိန်မြင့်တက်ခြင်းကိုသတိပြုပါ။ကိုယ်အပူချိန် အလွန်မြင့်တက်လာခြင်းဟာ သန္ဓေသားကိုထိခိုက်စေတဲ့အတွက် ချွေးထုတ်ခြင်း၊ ရေပူစိမ်ချိုးခြင်း တိုကို ရှောင်ရှားပေးဖိုလိုအပ်ပါတယ်။
🦷ကိုယ်ဝန်ဆောင်များနှင့်သွားကျန်းမာရေး🤰
➡️ကိုယ်ဝန်ဆောင်ချိန်မှာသွားကျန်းမာရေးကိုလည်းဂရုစိုက်ပေးဖိုလိုပါတယ်။သွားပြဿနာကြောင့် သန္ဓေသားမှာ အချိုသော နောက်ဆက်တွဲကျန်းမာရေးပြဿနာများပေါ်ပေါက်တတ်ပါတယ်။
➡️ကိုယ်ဝန်ဆောင်ပြီဆိုတာနှင့် သွားပိုးစားခြင်း ၊ သွားဖုံးရောဂါ နှင့် အခြား သွားဘက်ဆိုင်ရာပြဿနာတွေ ရှိမရှိ ကို သွားဘက်ဆိုင်ရာ ဆရာဝန်များနှင့် စစ်ဆေးကုသသင့်ပါတယ်။
➡️ကိုယ်ဝန်ဆောင်ချိန်မှာ သွားဖုံးမှ သွေးထွက်ခြင်းကိုမကြာခဏကြုံရနိုင်ပါတယ်။
➡️သားတိုက်ခြင်းကိုတရက် နှစ်ကြိမ် ပြုလုပ်ပေးဖိုလိုအပ်ပါတယ်။
➡️အချိုများတဲ့အစားအစာများ( သကြားလုံး၊ ချိုချဉ်လုံး )၊စေးကပ်စေတဲ့ အစာမျာ နှင့် gasပါတဲ့ အချိုရည်တွေကိုသောက်သုံးခြင်းမှ ရှောင်ကြဉ်ပါ။ ချိုတဲ့အစာစားပြီးလျှင်လည်း ပလုတ်သေချာကျင်းပေးပြီး သွားတိုက်ပေးဖိုလိုအပ်ပါတယ်။
ကိုယ်ဝန်ဆောင်မိခင်များရဲ့ ကျန်းမာရေး နဲ့ ပတ်သက်ပြီး ဆရာဝန် နဲ့ ဆွေးနွေးချင်လို ဖြစ်ဖြစ်၊ ကျန်းမာရေး ဆောင်းပါးတွေ ဖတ်ရှူချင်လိုပဲ ဖြစ်ဖြစ် AMC Teledoc ကို Download လုပ်ထားဖို လိုမယ်နော်။📱
ကျန်းမာရေး အစီအစဉ်တွေကို သိရှိချင်လိုရင် AMC Teledoc ရဲ့ Facebook Page မှ တဆင့် အချိန်မရွေး စုံစမ်းမေးမြန်းနိုင်ပါတယ်။😍