🤰ကိုယ်ဝန်ဆောင်မိခင်များစားသင့်တဲ့အာဟာရဖြည့်စွက်စာများ🤰
ကိုယ်ဝန်ဆောင်မိခင်များအတွက် အာဟာရပြည့်ဝအောင် စားသုံးခြင်းဟာ အလွန်အရေးကြီးတဲ့အချက်ဖြစ်ပါတယ်။ကစီဓာတ်၊ ပရိုတင်းဓာတ်၊ အဆီဓာတ်ကို မျှမျှတတ စားသုံးပေးခြင်းအပြင် အာဟာရဖြည့်စွက်စာတွေ ဖြစ်တဲ့ ဗီတာမင်နှင့် သက်စောင့်ဓာတ်များကို သောက်သုံးပေးရန်လည်းလိုအပ်ပါတယ်။🥗💊
🤰ကိုယ်ဝန်မဆောင်ခင်နှင့် ကိုယ်ဝန်ဆောင်ချိန်မှာဖောလစ်အက်ဆစ်သောက်သုံးခြင်း🤰
မိခင်လောင်းများအနေနှင့် ကိုယ်ဝန်မဆောင်ခင်အချိန်သာမက ကိုယ်ဝန်ရပြီး ၁၂ ပတ် ထိတိုင်အောင် ဖောလစ်အက်ဆစ်ကို တရက်လျှင် ၄၀၀ မိုက်ခရိုဂရမ်ခန့် ပုံမှန်သောက်သုံးပေးဖို အရေးကြီးပါတယ်။ ဖောလစ်အက်ဆစ် သောက်သုံးခြင်းဟာ သန္ဓေသားပြဿနာတမျိုးဖြစ်တဲ့ Neural tube defectဖြစ်ခြင်းကိုကာကွယ်ပေးပါတယ်။Neural tube ဟာသန္ဓေသားဖြစ်ပေါ်ဖိုအတွက်အလွန်အရေးကြီးလှပါတယ်။ကိုယ်ဝန်ဆောင်ချိန်မှာ ဖောလစ်အက်ဆစ် အပြည့်အဝ မရခဲ့ရင် ကလေးကျောရိုးမှာ အဖုကြီးဖြစ်လာတာ၊ ဦးခေါင်းခွံမပါလာတာ၊ ဦးနှောက်မပါလာတာ စတဲ့ နောက်ဆက်တွဲ ဆိုးကျိုးအလွန်များပါတယ်။👩⚕️
🤰ကိုယ်ဝန်ဆောင်ခြင်းနှင့် ဗီတာမင်ဒီ 💊
ဗီတာမင်ဒီဟာ အရိုး၊သွားများနှင့် ကြွက်သားများအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်နှင့်ဖော့စဖိတ်ဓာတ်ကို ထိန်းညှိပေးပါတယ်။နေရောင်ခြည်မှ ဗီတာမင်ဒီဓာတ်ရနိုင်သလို အဆီများတဲ့ ငါးတွေဖြစ်တဲ့ ဆယ်လ်မွန် နှင့်ငါးသေတ္တာငါးအမျိုးအစားများမှ ရရှိနိုင်ပါတယ်။ဒါ့အပြင် အနီရောင်ရှိတဲ့အသားနှင့် ဥ ကိုစားသုံးပေးခြင်းဖြင့်ဗီတာမင်ဒီဓာတ်ကိုရရှိနိုင်ပါတယ်။ ဗီတာမင်ဒီကို တရက်လျှင် ၁၀၀ မိုက်ခရိုဂရမ်ထက်ကျော်ပြီးသောက်လျှင် အန္တရာယ်ဖြစ်စေနိုင်တဲ့အတွက် သတိပြုရန်လိုအပ်ပါတယ်။🤰👩⚕️
🤰သံဓာတ်🤰
ကိုယ်ဝန်ဆောင်မိခင်များဟာ သံဓာတ်အလုံအလောက် မရရှိခဲ့ရင် မောပန်းလွယ်ခြင်းနှင့် သွေးအားနည်းရောဂါ ကိုခံစားရနိုင်ပါတယ်။အစိမ်းရောင် ဟင်းသီးဟင်းရွက်များ၊ အသီးအနှံခြောက်များနှင့် အစေ့အဆန်များမှာ သံဓာတ်ပါဝင်တဲ့အတွက် စားသုံးပေးသင့်ပါတယ်။🤰
🤰ဗီတာမင်စီ🍋
ဆဲလ်ကျန်းမာရေးအတွက် အဓိကလိုအပ်တဲ့ ဗီတာမင်စီဓာတ်ဟာအောက်ပါအစားအစာများမှာပါဝင်တဲ့အတွက် စားသုံးပေးသင့်ပါတယ်။
✅ချဉ်တဲ့အရသာရှိတဲ့အသီးတွေ( လိမ္မော်သီး ၊လိမ္မော်ဖျော်ရည်)
✅ပန်းငရုတ်ပွ
✅စတော်ဘယ်ရီ
✅ဘရိုကိုလီ
✅ပဲပင်ပေါက်
✅အာလူး
🥛ကယ်လ်ဆီယမ်ဓာတ်🧬
ကလေး ရဲ့ အရိုးနှင့်သွားများ ကြံ့ခိုင်စေရေးအတွက် အရေးကြီးတဲ့ဓာတ်ဟာ ကယ်လ်ဆီယမ်ဓာတ်ဖြစ်ပါတယ်။ကယ်လ်ဆီယမ်ဓာတ်ဟာ နွားနို၊ ချိစ်၊ ဒိန်ခဲ ၊ တိုဖူး၊ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ကယ်လ်ဆီယမ်ပါဝင်တဲ့ ပဲပိစပ်အရည်၊ အာနိသင်ရှိတဲ့ ဂျုံနဲ့ပြုလုပ်ထားတဲ့ ပေါင်မုန့် ၊ အရိုးပါစားလိုရတဲ့ငါးသေတ္တာငါးအမျိုးအစားတွေမှာ ပါဝင်ပါတယ်။🦷
ကိုယ်ဝန်ဆောင်မိခင်များရဲ့ ကျန်းမာရေး နဲ့ ပတ်သက်ပြီး ဆရာဝန် နဲ့ ဆွေးနွေးချင်လို ဖြစ်ဖြစ်၊ ကျန်းမာရေး ဆောင်းပါးတွေ ဖတ်ရှူချင်လိုပဲ ဖြစ်ဖြစ် AMC Teledoc ကို Download လုပ်ထားဖို လိုမယ်နော်။📱
ကျန်းမာရေး အစီအစဉ်တွေကို သိရှိချင်လိုရင် AMC Teledoc ရဲ့ Facebook Page မှ တဆင့် အချိန်မရွေး စုံစမ်းမေးမြန်းနိုင်ပါတယ်။😍⬇️